♡︎(12-II)♡︎[U+Z]

984 64 17
                                    

ေရနံချေးဝနေသည့် နှစ်ထပ်ပျဥ်ထောင်အိမ်ကြီးရှေ့တွင် ထွန်းသန့်လင်းက ကားကိုထိုးရပ်လိုက်လေသည်။

"အဘောင် ...သားတို့ရောက်ပြီ။"

A/N

(ရခိုင်လူမျိုးတို့သည် အဖွားတော်စပ်သူအား အဘောင်/အဘောင်ရှင်ဟုခေါ်ဆိုတတ်ကြသည်။စကားပြောဆိုရာ၌လည်း အချင်းချင်း ရခိုင်ဘာသာဖြင့်ပြောဆိုကြသော်လည်း စာဖတ်သူတို့နားလည်ရန်အလို့ငှာ မြန်မာစာဖြင့် ရေးသားဖော်ပြလိုက်ရပါ၏။)

ထွန်းသန့်လင်းက သူငယ်ချင်းများနှင့် ညီကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မရောက်နိုင်သည်မှာ နှစ်အနည်းငယ်ကြာသွားသည့် မွေးရပ်မြေကလေး၏ လေကို တဝကြီးရှူရှိုက်လိုက်သည်။

ဇေလင်းထက်သည် အကြင်သူ၏ ပီဘိကလေးငယ်ကဲ့သို့ ရယ်မြူရိပ်သမ်းနေသည့် ပုံရိပ်အား သဘောအကျကြီး ကျနေမိသည်။
ကားပေါ်မှဆင်းကာ အိမ်ကြီးရှေ့တွင်ရပ်နေသည့် အချစ်ဆုံးသူငယ်ချင်း တဖြစ်လဲ၊နင့်နင့်နဲနဲချစ်မြတ်နိုးရသူ၏ မျက်နှာတစ်ခြမ်းအား ငြိမ်သက်စွာ ရပ်၍ ငေးနေမိတော့သည်။

ပိုင်ဟိန်းခန့်နှင့် မျိုးသက်တို့လည်း ဂစ်တာနှင့် လွယ်အိတ်များကိုသယ်၍ ကားပေါ်မှဆင်းလာကြလေ၏။

ခိုင်ခံ့မောင်ကမူ တစ်ခေါက်နှစ်ခေါက်ရောက်ဖူးသည့် သည်ရွာမှ သည်အိမ်ကြီးအား ရင်းနှီးသလိုလို၊မရင်းနှီးသလိုလို ခံစားချက်ဖြင့် တွေတွေကလေးရပ်နေမိသည်။

ခွန်မြဲဟိန်ကမူ ရေနံချေးဝ၍ မည်းနက်နေသည့် အိမ်ကြီးအား နှစ်သက်အံ့သြစွာ ကြည့်နေမိသည်။

အိမ်ရှေ့တွင် စံပယ်ပန်း၊ဇီဇဝါပန်းတို့အလေ့ကျပေါက်နေပြီး နှင်းဆီရောင်စုံတို့ကိုလည်း စနစ်တကျ စိုက်ပျိုးထားသေး၏။

သရက်ပင်တို့တွင်လည်း ဝါဝင်းပြီး ကြီးမားသည့် သရက်သီးတို့ သီးနေကြလေ၏။

အိမ်ရှေ့ အပင်ကြီးတစ်ပင်တွင် ကွပ်ပျစ်ကြီးတစ်ခုကို ပြုလုပ်ထားသေး၏ ။

"အိမ်ကမိုက်လိုက်တာ ငထွန်းရ။"

မျိုးသက် သည်ပင် အသိအမှတ်ပြုရသည်အထိ ခိုင်ခံ့ ထည်ဝါလှသည်။

ခိုင်မြဲစေလို...Where stories live. Discover now