♡︎(14)♡︎[U+Z]

947 62 16
                                    

"ငါမောင်းမယ် ခိုင်ခံ့မောင်..."

ခွန်မြဲဟိန်က ဦးထုပ်မေးသိုင်းကြိုးတပ်ပေးနေသည့် ခိုင်ခံ့မောင်ကိုမော့်ကြည့်ရင်းပြောလိုက်ခြင်းဖြစ်သည်။

"အိုခေ...မရမ်းနဲ့နော် ခွန်မြဲ။"

ခိုင်ခံ့မောင်က ဆိုင်ကယ်သော့ကိုကမ်းပေးရင်း ခွန်မြဲဟိန်၏ အဆိုပြုချက်အား သဘောတူလိုက်၏။

အဖြူရောင်ဆိုင်ကယ်ကလေးသည် ခရမ်းပြာရောင်ညနေခင်းတွင် လျင်မြန်စွာပြေးနေသည်။
လေပြေသည် နုပျိုငယ်ရွယ်သော ကောင်လေးနှစ်ယောက်၏ မျက်နှာပြင်ပေါ်သို့ ယှက်ပြေးနေလေသည်။

ဖြူဆွတ်နေသော ရှပ်အင်္ကျီကိုဝတ်ဆင်ထားသည့် ကျောပြင်လေးသည် ခိုင်ခံ့မောင် မြင်နိုင်သမျှ စကြဝဋ္ဌာ၏အဆုံးဖြစ်ကြောင်း၊လေပြေသွေး၏ ပယောဂကြောင့် လွင့်မြောနေသည့် ဆံနွယ်ညိုညိုတို့သည် ခိုင်ခံ့မောင် တွေ့မြင်ကြားသိခဲ့ဖူးသမျှ အနုပညာထဲတွင် အသိမ်မွေ့အနူးညံ့ဆုံးဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုဝန်ခံရန်ပင် သူ စိုးရွံ့နေမိပါသည်။

ချိုမြိန်ရှင်းသန့်သော ကိုယ်သင်းနံ့အား ယောကျ်ားတစ်ယောက်ဆီမှ ရနိုင်ပါသလော။

ခိုင်ခံ့မောင်သည် ထို ရနံ့နှင့် နှစ်နှစ်ကျော်မျှ ရင်းနှီးကျွမ်းဝင်နေခဲ့ပြီးဖြစ်သော်လည်း ရိုးအီသွားခြင်းမရှိသည်မှာအံ့သြစရာပင်ဖြစ်သည်။

သူမြတ်နိုးမိသူက သူ၏ သူငယ်ချင်းဖြစ်နေသည့်အပြင် အကြင်သူသည် ယောကျ်ားလေးတစ်ယောက်ဖြစ်နေပြန်ပါသည်။

တွေ့သည့်နေ့မှစတင်ကာ တစ်ရစ်ရစ်နှောင်ဖွဲ့လာသည့် သံယောဇဥ်ကြိုးတို့ကို သူ သတိမထားခဲ့၊
အနေနီးမှုမှ ဖြစ်ပေါ်လာသည့် အပြန်အလှန် နားလည်မှု၊ယုံကြည်မှုနှင့် တစ်ယောက်အတွက်တစ်ယောက် တည်ရှိနေမှုတို့မှာ ချစ်ခြင်းမေတ္တာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သူ ဂရုမပြုမိခဲ့။

ခိုင်ခံ့မောင်သည် သူ့ရှေ့မှ လူသားငယ်နှင့်အတူ နှစ်ပေါင်းများစွာ ပျော်ရွှင်ရယ်မောကာ ကြီးပြင်းသွားစေလိုသည့် လောဘတစ်ခုတည်းသာ ရှိကြောင်း ဘုရားအဆူဆူထံ ဆုမွန်တောင်းခဲ့ဖူး၏။

ခိုင်မြဲစေလို...Where stories live. Discover now