♡︎(19)♡︎[U+Z]

1K 50 0
                                    

"ဟင်...မျိုးသက် ဘာကိစ္စရှိလို့လဲ"

သူ့ကိုမြင်သည်နှင့် အရောင်လက်သွားသည့် ဇေလင်းထက်၏ မျက်ဝန်းတို့သည် သူနှင့်တူ ထွန်းသန့်လင်းပါလာမည်ဟု မျှော်လင့်နေကြောင်း သိသာလှသည်။

ထွန်းသန့်လင်းသည် ဇေလင်းထက်နှင့်အတူရှိမနေကြောင်း သူတို့သုံးယောက် ချက်ချင်းနားလည်သဘောပေါက်သွားသည်။

"ပိုင်ဟိန်းခန့်...
ဟာ ညီလေးပါပါလာတာလား ဝင်ကြလေ အိမ်ထဲကို "

ကိုဇေလင်းထက်က ခိုင်ခံ့မောင်ပါ ပါလာပြီး ထွန်းသန့်လင်းကိုမတွေ့သဖြင့် အနည်းငယ်အံ့သြနေပုံရသည်။

ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကြပြီး သည်နှင့် သုံးယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

"ထွန်းသန့်လင်း အိမ်ကထွက်သွားတယ်တဲ့"

စကားပြောလျှင် နက်ရှိုင်း၍တည်ငြိမ်အေးဆေးသော မျိုးသက်၏ အသံသည်ပင်လျှင် စိုးရိမ်ပူပမ်စိတ်တို့ဖြင့် ပုံမှန်ထက် ပိုမိုတိုးညင်းနေသယောင် ထင်ရသည်။

ဇေလင်းထက်၏ ဟေဇယ်ရောင် မျက်ဝန်းအစုံသည် အံ့အားသင့်ခြင်းမှ စိုးရိမ်ပူပမ်ခြင်းသို့ ရုတ်ချည်းကူးပြောင်းသွားကြသည်။

"မင်းနဲ့ကိစ္စကို သူ့အိမ်ကသိပြီး သူ့အဖေနဲ့ စကားများကြတာတဲ့။
ဖုန်းကိုအိမ်မှာထားခဲ့တော့ ငါတို့အခုထိ သူ့ကို ဆက်သွယ်လို့မရဘူး။
မင်းကိုဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်ပဲ ဖြေတယ်"

မျိုးသက်သည် အိမ်အတွင်းသို့တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးမှ သတိထား၍ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ငါ့ဖုန်းက စာမေးပွဲပြီးတဲ့နေ့တည်းက ပျောက်သွားတာ အခုထိ မဝယ်ဖြစ်သေးဘူး။
သူဘာမှမဖြစ်လောက်ပါဘူးနော်"

"ကိုထွန်းက လုံခြုံတဲ့နေရာတစ်ခုမှာ ရှိနေမှာပါ အစ်ကို"

သူ ကိုဇေလင်းထက် နှင့်မျက်လုံးချင်းဆုံမိသောအခါ ခွန်မြဲဟိန်ထွက်သွားသည့်နေ့က သူ့ပုံရိပ်အား ကိုဇေ့မျက်ဝန်းများထဲတွင်ပြန်လည်တွေ့လိုက်ရသလို ခံစားလိုက်မိသည်။

ခိုင်မြဲစေလို...Where stories live. Discover now