♡︎(12)♡︎ (U+Z)

959 70 9
                                    

(Unicode)

2နှစ်ခန့်ကြာသော်...

December 22,

ချမ်းအေးလှသည့် ဆောင်းရာသီ၏ လတစ်လပေမို့ မြန်မာနိုင်ငံအနောက်ပိုင်းရှိ နယ်မြို့လေးသည်လည်း နှင်းရည်စက်များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။

ဖြူဖွေးသောအိပ်ရာခင်းနှင့် စောင်ထူထူကြားတွင် အဖြူရောင်ကောင်ငယ်လေးသည် အိပ်မောကျနေလေ၏။
ခေါင်းရင်းပြူတင်းပေါက်မှ တိုးဝင်လာသောဆောင်းလေအေးကြောင့် စောင်ဖြူဖြူအတွင်းသို့ ပိုမိုတိုးဝှေ့လိုက်သည်။

ထိုစဥ် ကောင်ငယ်လေး၏ အခန်းတံခါးသည် အလိုအလျောက်ပွင့်လာပြီး ဟူဒီအဝါနုရောင်ကိုဝတ်ဆင်ထားသောကောင်လေးတစ်ယောက် အခန်းအတွင်းသို့ဝင်ရောက်လာသည်။

၂နှစ်ကျော်မျှ ရင်းနှီးခဲ့ခြင်း၏ အတွေ့အကြုံအရ ခိုင်ခံ့မောင်သည် ခွန်မြဲဟိန်၏အိပ်စက်ခြင်းကို အသံဖြင့်မနှောင့်ယှက်ဘဲ စောင်ကိုဆွဲခွာခြင်းနည်းလမ်းကိုသာအသုံးပြုရသည်။

"အင့်..."

လစ်ဟာ သွားသော ဂွမ်းစောင်ဖြူလေး၏နေရာတွင် ပြူတင်းပေါက်မှလေများ အစားထိုးဝင်ရောက်လာသဖြင့် အိပ်ပျော်နေသော ခွန်မြဲဟိန်က ခန္ဓာကိုယ်ကိုပုစွန်ထုပ်ကဲ့သို့ကွေးကာ လက်နှစ်ဖက်ဖြင့် အအေးဒဏ်ကို ကာကွယ်နေသည်။

"ခွန်မြဲ...ထတော့ကွာ။"

ဖြူအိအိပါးပြင်အား လက်မနှင့်လက်ညှိုးသုံးကာ လိမ်ဆွဲလိုက်တော့ မျက်လုံးနှစ်လုံးက မပွင့်ချင်ပွင့်ချင်နှင့် ပွင့်လာသည်။

"စာမေးပွဲကမနေ့ကမှပြီးတာ ခွေးကောင်ရဲ့။
ဒီနေ့အစောကြီးထစရာလား။ကမ္ဘာပျက်ရင်တောင်မထဘူး။"

ပြောရင်းဆိုရင်း မထီမဲ့မြင်စွာဖြင့် စောင်ပုံထဲတိုးဝင်လိုက်သေးသည်။

"ခိုင်ခံ့၊ ခွန်မြဲက မလိုက်ဘူးတဲ့လား။"

အခန်းတံခါးဝမှ အသံကြားမှ ခွန်မြဲဟိန်ထထိုင်လာသဖြင့် ခိုင်ခံ့မောင်၏ မျက်ခုံးတို့ တွန့်ချိုးသွားရသည်။

"ဟင်...ကိုထွန်းတို့ပါလား။ဘယ်လိုလုပ်ပြီး"

အနှီခွန်မြဲဟိန်သည် လက်နှစ်ဖက်ဖြင့် မျက်စိကိုပွတ်ကာ သမ်းဝေရင်း တအံ့တသြမေးခွန်းထုတ်လာသည်။

ခိုင်မြဲစေလို...Where stories live. Discover now