♡︎(15)♡︎[U+Z]

952 60 6
                                    

Unicode

ခွန်မြဲဟိန်သည် သူ၏စက်ဘီးအား သရက်ပင်အောက်ရှိ အရိပ်ရရာနေရာတွင် ဒေါက်ချကာ ရပ်ထားလိုက်သည်။ထို့နောက် ကျောင်းစိမ်းပုဆိုးကို သပ်ရပ်သွားစေရန် ပြင်၍ ဝတ်ဆင်လိုက်၏။

"ကျောင်းနဲ့ ခဏဝေးပြီး ပြန်တက်ရတော့လည်း တစ်မျိုးကြီး"
ခိုင်ခံ့မောင်က သစ်သားလှေကားအား တစ်ထစ်ချင်း အေးဆေးစွာတက်ရင်း ဆိုလာသည်။

"အေးနော်...
ငါတို့အခန်းဆို ဖုန်တက်နေလောက်တယ်"

သူတို့အိမ်မှထွက်လာချိန်က အနည်းငယ်စောနေသဖြင့် ကျောင်းတွင် လူသိပ်မရောက်သေးပေ။
အမြဲလိုလို ကျောင်းသားများဖြင့် ရှုပ်ထွေး၊ဆူညံနေတတ်သည့် ကျောင်းကော်ရစ်ဒါက ယခုမူ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဆေးအစိမ်းရောင်အပေါ်တွင် အဖြူရောင်စာလုံးများဖြင့် နဝမတန်း(က) ဟုရေးထားသော ခပ်နွမ်းနွမ်းဆိုင်းဘုတ်လေးချိတ်ဆွဲထားရာအတန်းရှေ့၌ သူတို့ ခြေလှမ်းများကိုရပ်လိုက်ကြသည်။

ခွန်မြဲဟိန်သည် ကျောင်းအုပ်ကြီးရုံးခန်းမှယူလာသော သော့ဖြင့် အခန်းတံခါးကို ဖွင့်လိုက်သည်။

(ယခုကျောင်းအုပ်မှာ ခိုင်ခံ့မောင်၏ ကြီးကြီးဖြစ်သူ ဒေါ်မြိုင်သဇင်ဦး မဟုတ်တော့။ဒေါ်မြိုင်သဇင်ဦးသည် လွန်ခဲ့သည့်နှစ်ကပင် တခြားမြို့သို့ တာဝန်အရပြောင်းရွှေ့သွားရပြီး ယခုကျောင်းအုပ်မှာ ဆရာကြီးဦးနေလင်း ဖြစ်ပေသည်။)

သူထင်ထားသည့်အတိုင်း အခန်း၏ကြမ်းပြင်နှင့် စာရေးစားပွဲ၊ထိုင်ခုံတို့မှာဖုန်အနည်းငယ်ထနေသည်။

အတန်းနှင့် ကျောင်း၏ လှုပ်ရှားမှုများတွင် အမြဲတက်တက်ကြွကြွပါဝင်လေ့ရှိသော ခိုင်ခံ့မောင်သည် အတန်း၏ မော်နီတာအဖြစ် နှစ်တိုင်းလိုလို ယုံကြည်စိတ်ချစွာ ခန့်အပ်ခြင်းခံရသည်။

သို့သော် ယခုနှစ်တွင် ခွန်မြဲဟိန်က မော်နီတာ လုပ်ချင်သည်ဟု ဆိုလာသဖြင့် သူအလျှော့ပေးခဲ့သည်။ခွန်မြဲဟိန်၏ လိုအင်သည် သူ၏ လိုအင်ဖြစ်ကာ၊ခွန်မြဲဟိန်၏ ဆန္ဒသည် သူ၏ ဆန္ဒဖြစ်သည်။
ခွန်မြဲဟိန် လိုအပ်သမျှ သူဖြည့်ဆည်းပေးချင်ပြီး၊ခွန်မြဲဟိန် လုပ်ချင်သည့်အရာမှန်သမျှ သူပံ့ပိုးပေးချင်မိသည်။

ခိုင်မြဲစေလို...Where stories live. Discover now