♡︎(7)♡︎[U+Z]

1.1K 76 3
                                    

ခိုင်မြဲစေလို(Zawgyi)

Chapter-7♡︎

"မေမေ နေပြည်တော်ကို သင်တန်းသွားတက်ရမယ်သား။"

မေမေ့စကားကြောင့် ခွန်မြဲ ထမင်းစားလက်စဇွန်းကို ပန်းကန်ထဲသို့ပြန်ချထားလိုက်သည်။

"ဘယ်လောက်ကြာမှာလဲမေမေ။
ကျွန်တော့်စာမေးပွဲနီးနေပြီလေ။"

တစ်အိမ်လုံးတွင်သားအမိနှစ်ယောက်တည်းသာရှိတဲ့အထဲ မေမေက နေပြည်တော်သွားမယ်ဆို သူတစ်ယောက်တည်းကျန်ခဲ့မှာပေါ့။

"၁လတက်ရမှာသားရဲ့။
သားကို ခိုင်တို့အိမ်မှာအပ်ထားခဲ့မလားလို့"

မေမေက လေးလေးနက်နက်ဆိုလာတော့
ခွန်မြဲ ကလန်ကဆန်မပြောချင်တော့ပါ။
သို့သော်

"ကျွန်တော့်ကို စားဖို့စီစဥ်ပေးခဲ့ရင်ရပါပြီ။
အဝတ်လည်းကျွန်တော့်ဘာကျွန်တော်လျှော်တတ်ပြီး မီးပူလည်းတိုက်တတ်တာပဲ။
အန်တီခိုင်တို့ကို အားနာစရာကောင်းပါတယ်"

ခွန်မြဲစကားကိုကြားတော့ မေမေက ခေါင်းညိတ်ထောက်ခံသည်။
ခိုင့်မှာလည်း သမီးငယ်လေးနဲ့တင် အလုပ်ရှုပ်နေသည်မဟုတ်လား။

"အင်း...မေမေ ထမင်းဆိုင်မှာ
ထမင်းကို ချိုင့်ဆွဲစားဖို့စီစဥ်ပေးခဲ့မယ်လေ။သားတစ်ယောက်တည်းနေလို့ ဖြစ်တယ်မှတ်လား။"

မေမေက ခွန်မြဲ ဆံနွယ်ညိုညိုလေးများကိုဖွရင်း ကြင်နာစွာဆိုလာသည်။

"ငယ်ငယ်ကလို မေမေ့ အင်္ကျီစကို ဆွဲထားရင် မေမေ ထွက်မသွားဘဲနေမှာလား"
ဆိုတဲ့အတွေးတွေကို ထမင်းစားပွဲပေါ်မှာရှိတဲ့ ရေတစ်ဖန်ခွက်နဲ့ပဲ ခွန်မြဲမျှောချလိုက်ပါသည်။

သူလည်းရင့်ကျက်လာသင့်ပြီမဟုတ်လား။
______________________________________

"သားရယ်...အန်တီတို့အိမ်လာနေလည်းရတာကို။သားခံ့နဲ့တစ်ခန်းတည်းနေပေါ့"

မေမေက သင်တန်းသွားမယ့်အကြောင်း
အန်တီခိုင့်ကိုပြောပြီး ခွန်မြဲကိုအပ်တော့
အန်တီခိုင်က အိမ်ကိုလာနေဖို့နားချသည်။

"ရပါတယ်အန်တီ။အိမ်ကိုဒီအတိုင်းထားခဲ့ရမှာလည်း စိတ်မချလို့ပါ။"

ခိုင်မြဲစေလို...Where stories live. Discover now