♡︎(17)♡︎[U+Z]

988 61 6
                                    

ယနေ့သည် နဝမတန်းအတန်းတင်စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်။
ခေါင်းလောင်းထိုးသည်နှင့်
ကျောင်းသား/ကျောင်းသူများသည် သက်ဆိုင်ရာ ဆရာ/ဆရာမ များဆီ၌ အဖြေလွှာတို့အား အပ်နှံကာ စာဖြေခန်းအတွင်းမှ အလျှိုလျှိုထွက်လာကြသည်။

"ခွန်မြဲ ဖြေနိုင်တယ်မလား"

တစ်ဖက်အခန်းတွင်ဖြေရသော ယွန်းမြသွယ်က ခွန်မြဲကိုမြင်သည်နှင့် မေးလာသည်။
ခွန်မြဲဟိန်က မဆိုင်းမတွခေါင်းညိတ်ပြသည်။

"ဒါနဲ့ စာမေးပွဲပြီးတဲ့အတွက် မင်းတို့မှာ ဘာအစီအစဉ်ရှိလဲ"

"..."

သုတထွန်းရော ယွန်းမြသွယ်ပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နှုတ်ဆိတ်နေကြသည်။

"မရှိရင် ငါ့အိမ်လာခဲ့ကြလေ။ဒီအတိုင်း ဂိမ်းဆော့တာဖြစ်ဖြစ်၊Tv ကြည့်ရင်းမုန့်စားတာဖြစ်ဖြစ် လုပ်ကြရအောင်"

သုတထွန်းက စာဖြေခန်းအပြင်တွင်ဝေ့လည်ကြောင်ပတ်ရပ်နေသော ခိုင်ခံ့မောင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ခိုင်ခံ့မောင်သည် သူတို့ပြောသည့်စကားအားလုံးကို ကြားနိုင်သည့်အကွာအဝေး၌ ရှိပေသည်။
သူ့အရိပ်အကဲကို ကြည့်လာသော သုတထွန်းအား ခိုင်ခံ့ နားလည်စွာခေါင်းညိတ်ပြလိုက်ပါသည်။

သူတို့သုံးယောက်အတူတကွ ထွက်သွားကြသည်ကို ခိုင်ခံ့ ငေးမောကြည့်နေမိသည်။

"ခိုင်ခံ့ ငါတို့ မုန့်သွားစား..."

စကားလာပြောသူ၏ ဝါကျတို့မဆုံးသေးမီ ခိုင်ခံ့မောင် ခြေလှမ်းကျဲကျဲတို့ဖြင့် ကော်ရစ်ဒါမှထွက်ခွါခဲ့လေသည်။

ခိုင်ခံ့မောင်သည် စာမေးပွဲဖြေပြီးထွက်လာသည်နှင့် ဗိုလ်ကုန်းတွင် ခြေဦးတည့်ရာလျှောက်သွားနေခဲ့သည်။

အတူထိုင်ခဲ့ဖူးသည့် ထုံးဖြူသုတ် အုတ်ခုံဖြူဖြူ၊အတူလျှောက်ခဲ့ဖူးသည့် ကန်ပတ်လမ်း၊အတူရယ်မောခဲ့ဖူးသည့် ကိုလိုနီခေတ် အိမ်ဟောင်းကြီးရှေ့တွင် တစ်ယောက်တည်း ကြောင်အ စွာ ရပ်နေမိခဲ့သည်။

သူငယ်ချင်းကိုဆုံးရှုံးရခြင်း၏ ဒုက္ခဆင်းရဲ သည် ချစ်သူနှင့်ကွေကွင်းရခြင်းဒုက္ခဆင်းရဲထက် ပိုမိုဆိုးရွားသည်ဟုဆိုကြသည်။
သူ့မှာတော့ ချစ်သူရော သူငယ်ချင်းကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ခိုင်မြဲစေလို...Where stories live. Discover now