♡︎(6)♡︎[U+Z]

1.2K 82 0
                                    


ခိုင်မြဲစေလို(Unicode)
Chapter-6

ကျောင်းမှပြန်ရောက်ပြီး ၁နာရီခန့်အကြာ။
တိတိကျကျပြောရရင် ညနေ ၅နာရီခန့်။

ခွန်မြဲဟိန်တစ်ယောက် သူ့အခန်းလေးထဲမှာ စာလုပ်နေသည်။တစ်ယောက်တည်းတော့မဟုတ်။မိခင်ဖြစ်သူထက်ပင် သူ့အနားတွင်အချိန်တော်တော်များများ ပိုရှိနေတတ်သည့် ခိုင်ခံ့မောင်နှင့်အတူ ရှိနေခြင်းဖြစ်သည်။

ခွန်မြဲဟိန်က သူ့စာကျက်စားပွဲမှာ ဒီနေ့ကျောင်းကပေးလိုက်တဲ့ သင်္ချာအိမ်စာကိုတွက်နေတုန်း ခိုင်ခံ့မောင်က ခွန်မြဲ ကုတင်ပေါ်မှာလှဲရင်း ဟိုလှိမ့်သည်လှိမ့် လှိမ့်နေသည်။

တစ်အိမ်လုံးမှာ ခွန်မြဲဟိန် နှင့် ခိုင်ခံ့မောင်တို့ ကလေးနှစ်ယောက်သာရှိနေသည်။

ခွန်မြဲဟိန် မိခင်၏ အလုပ်ဆင်းချိန်သည်
ခါတိုင်းထက် နောက်ကျနေတတ်သည်။

သို့သော် ခွန်မြဲဟိန်က သူ၏ ညစာကို လက်ဖက်ထမင်းနှင့်ဖြစ်စေ ဖြစ်သလိုဖြေရှင်းမြဲဖြစ်သည်။

တစ်ခါတလေတော့ ခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ပင် သူရောင့်ရဲကျေနပ်လိုက်သည်။

သို့သော် ယခုရက်ပိုင်းတော့ ခိုင်ခံ့မောင်က
သူ့အိမ်က ဟင်းတွေယူလာပြီး ခွန်မြဲနှင့်
ညစာအတူလာစားတတ်သည်မို့ ခွန်မြဲ ညစာအတွက် ပူစရာမလိုတော့ပေ။

ခိုင်ခံ့မောင်က သူ့ကိုတော်တော်လေး ဂရုစိုက်တော့ ခွန်မြဲဟိန် ဝမ်းသာရပါသည်။

အစ်ကိုတစ်ယောက်အစားရလိုက်သလို၊
ကောင်းကင်ကနေ ဖေဖေ့ကိုယ်စား တစ်ယောက်ယောက်ကိုပို့ပေးလိုက်သလို ခံစားရသည်။

မေမေကလည်း အခုတလော အိမ်ပြန်နောက်ကျလာသည်။

အိမ်ထောင့်တာဝန်ရော၊စားဝတ်နေရေးအတွက်ပါရှာဖွေပေးနေရသည့် မေမေ
ပင်ပမ်းနေသည်ကို ကလေးပေမယ့် ခွန်မြဲ ရိပ်စားမိပါသည်။

စာရေးလက်စ လက်သွယ်သွယ်တို့
တုန့်ခနဲရပ်တန့်သွားတော့ ခိုင်ခံ့
ခွန်မြဲ မျက်နှာကို စေ့စေ့ကြည့်လိုက်မိသည်။

ဘာဖြစ်လို့များလဲ။
သူ့အဖေကို သတိရနေတာလား။

"ဒီညနေအပြင်သွားကြမလား"

ခိုင်မြဲစေလို...Where stories live. Discover now