part : 1(U&Z)

42.9K 1.3K 15
                                    

Uni💗

Uni💗

သာယာသောနံနက်ခင်းတစ်ခုတွင် ကြီးကြယ်ခမ်းနားသောအိမ်ကြီးအတွင်း၌

"ယောက်ျား ယောက်ျား ထတော့ "

"အွန်း"

ရိပေါ်ကအဲ့လိုပဲ ညပိုင်းတွေအလုပ်ကိစ္စကြောင့်ပင်ပန်းရင် မနက်ဆိုမထတော့ဘူးနေ့လည်လောက်မှထတတ်တာအကျင့်တစ်ခုပေါ့။ကိုယ်ပိုင်အလုပ်ဆိုတော့ကိစ္စမရှိဘူးဆိုပြီးစိတ်အေးတာလဲပါတာပေါ့ ။ အဲ့ဒါကြောင့်အေးအေးဆေးဆေးအိပ်ယာထဲနှပ်နေနိင်တာ သူများအလုပ်ဆို တစ်ရက်တောင်ခံမှာမဟုတ်ဘူး။ပုံမှန်ဆိုကျွန်တော်လဲမနှိုးပါဘူး ဆေးရုံမသွားခင် သူ့အတွက်မနက်စာပြင်ပေးပြီးထားခဲ့တာ ဒီနေ့တော့ကျွန်တော်လဲခွင့်ယူထားတယ်ကျွန်တော့်မိဘနှစ်ပါးရဲ့နှစ်ပတ်လည်နေ့လေ။ကျွန်တော်ကတစ်နှစ်လုံးနေမှအဲ့တစ်ရက်သာခွင့်ယူတာ။

"ထတော့ ထတော့လို့ ဒီနေ့ ပါးပါးနဲ့မားမားဆုံးတာ ၅ နှစ်ပြည့်လေ "

"အွန်းအွန်း ထပြီ ထပြီကွာ" လို့ပြောပြီးကျွန်တော့အိမ်ဉီးနတ်လေးကအိပ်ချင်မူးတူးနဲ့ရေချိုးခန်းထဲဝင်သွားလေရဲ့...

အွန်းးးးးးကျွန်တော်နဲ့ရိပေါ်နဲ့ကချစ်လို့လက်ထပ်ခဲ့ကြတာတော့မဟုတ်ဘူး။မိဘတွေဆန္ဒအတိုင်း သားလိမ်မာလေးတွေလုပ်ခဲ့ကြတာပေါ့လေ။
ရိပေါ်တို့မိသားစုကတရုတ်နိုင်ငံရဲ့အချမ်းသာဆုံး Top 1 ဖြစ်တဲ့ ၀မ်အိမ်တော်ပေါ့။ကျွန်တော်တို့မိသားစုကတော့အရမ်းချမ်းသာပြီးပိုလျှံနေတဲ့မိသားစုတော့မဟုတ်ပေမဲ့ပြည့်ပြည့်စုံစုံနေနိုင်တဲ့မိသားစုတစ်ခုပါပဲ။ကျွန်တော့်မားကတော့ နှလုံးရောဂါနဲ့ဆုံးသွားခဲ့တာဒီနေ့ဆို ၅ နှစ်ပြည့်ပြီပေါ့။ကျွန်တော်အရမ်းယူကျုံးမရဖြစ်ခဲ့တယ် ။သားတစ်ယောက်လုံးကဆရာဝန်ဖြစ်ဖို့သိပ်မလိုတော့တဲ့အချိန်ကာလတစ်ခုမှာမားကနှလုံးရောဂါနဲ့ဆုံးသွားတယ်။အဲ့ဒီ့နေ့ကပဲ ပါးကလဲမားကိုမခွဲနိူင်လို့တဲ့ဆေးတွေသောက်ပြီးမားနောက်လိုက်သွားခဲ့လေရဲ့။

သားကဆရာဝန်ကြီးဖြစ်တော့မှာမို့ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေနိုင်တော့မှာမို့ ပါးကိုခွင့်လွှတ်ပါတဲ့။အခုတော့ နှလုံးရောဂါဖြစ်နေတဲ့မားတစ်ယောက်လုံးကိုတောင်မကယ်နိုင်ခဲ့တဲ့ဒီသားကနှလုံးအထူးကုဆရာဝန်ကြီးရှောင်ရှောင်းကျန့်ဖြစ်နေပြီပေါ့။ပါးကိုလဲအပြစ်မဆိုရက်ပါဘူး…တစ်သက်လုံးပြည့်ပြည့်စုံစုံနေနိင်ဖို့ရှာကျွေးလာခဲ့တာသူလဲအနားယူသင့်ပါပြီ။ဒါပေမဲ့ကျွန်တော်လဲအလုပ်အကိုင်နဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်တဲ့အချိန်မှာတော့ကျေးဇူးရှင်မိဘနှစ်ပါးကိုကျေးဇူးဆပ်ခွင့်မရလိုက်တာတော့နောင်တရမိတယ်။ရိပေါ်ကတော့ဝမ်ပါးကသူ့အလုပ်တွေဉီးစီးပါဆိုတာကိုပါးကသန်မာသေးတယ်ပါးပဲဆက်ဉီးစီးပါအုံးတဲ့။

🦁💚my husband🐰❤️ { Complete }Where stories live. Discover now