Part :16(U&Z)

12.8K 728 44
                                    

Uni 💗

ရှောင်းကျန့် ပုံမှန်နိုးနေကျအချိန်မို့သာ အစောနိုးလာတာ လူကအရမ်းပင်ပန်းပြီး တကိုယ်လုံးကိုင်ရိုက်ထားသလိုပဲ အရင်နေ့တွေကလိုလန်းလန်းဆန်းဆန်းရှိမနေဘူး ... ဆေးရုံကလဲသွားရမှာမို့ ထပ်အိပ်နေလို့မရ ...ဒါပေမဲ့လည်း တဆစ်ဆစ်နာနေတဲ့ ခါး​ကြောင့် သူဘာလုပ်ရမလဲကိုမသိတော့ဘူး ခွင့်ကမနေ့ကမှယူထားတာ ထပ်လဲမယူချင် ...

ကိုယ့်ကိုယ်ပိုင်အလုပ်ဆိုတော့အေးအေးဆေးဆေးဘေးနားမှာ ဝက်လိုသိုးနေအောင် အိပ်နေနိုင်သည့် ၀မ်သခင်ကို မကျေနပ်သောကြောင့် မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

မျက်စောင်းထိုးတုန်း ရိပေါ့် ph ထဲ message ၀ငလာသည် ... ph screen ကိုမြင်နေရတာမို့ ရှင်းမေ ပို့မှန်းသိလိုက်သည် ...
ဘာပို့လဲဆိုတာစိတ်မ၀င်စားပေမဲ့ " ညက " လို့မြင်လိုက်တော့စိတ်၀င်စားသွား၏။

ရိပေါ်နဲ့သူနဲ့က လင်မယားဆိုတော့သံသယမဖစ်ရအောင်ဆ်ိုပြီး ps တွေကိုအပြန်အလှန်ပြောပြထားတာ အခုတော့မှန်သွားပြီ ...

" ညကအလိုမလိုက်ခဲ့မိတာတောင်းပန်ပါတယ် မေ ပြောတဲ့အတိုင်း မေ့ ကိုတန်ဖိုးထားပေးလို့ကျေးဇူးပါ "တဲ့...

ရိပေါ် မင်းချစ်သူကို အရမ်းတန်ဖိုးထားလို့ မယူခင်မတို့မထိခဲ့တာပေါ့ ... အဲ့ဒါဆိုငါကမင်းအတွက်တန်ဖိုးမဲ့နေပြီလား ???
ရှောင်းကျန့်တွေးရင်းမျက်ရည်ပါဝဲလာရသည် ...

"အာ...နိုးနေပြီလား "

" … "

" နိုးနေလို့မင်းမြင်တာမလားလို့တော့မပြောဘူးမလား "

ရှောင်းကျန့်မပြောခင် အမြန်ပြောထားမှ အဲ့လူကယုံရတာမဟုတ်ဘူး ကိုယ့်ယောက်ျားဆိုပြီးလဲ အပြောအဆ်ိုဆင်ခြင်မှာမဟုဘူး ...

ခန္ဓာကိုယ်ကရော ရင်ဘတ်ထဲကရောနာကျင်သမျှတွေကိုကျိတ်မှိတ်သည်းခံပြီး မတ်တပ်ရပ်ရန် ကြိုးစားနေစဉ် အနောက်က ထွက်လာတဲ့ အသံဆိုးအသံနက်ကြီးကြောင့် ပြန်ပစ်ကျသွားသည် ... ကုတင်ပေါ်တော့မရောက်ဘူး ဘယ်ရောက်မလဲ ဒင်းလက်ထဲရောက်သွားတာကိုး…

ရှောင်းကျန့်ပြောမဲ့စကားကိုပိတ်ပြောနေတဲ့ရိပေါ်ကိုမျက်စောင်းထိုးရင်း!

🦁💚my husband🐰❤️ { Complete }Where stories live. Discover now