Part : 9(U&Z)

10.3K 703 10
                                    

Uni💗

ရိပေါ်ထွက်သွားတာနဲ့ရှောင်းကျန့်အိပ်ယာကထပြီးရေချိုးလိုက်သည် ။ ရိပေါ့်ကိုချော့ပြီးပါးနဲ့မားအိမ်ကိုသွားဖို့ပြင်ဆင်ကာရိပေါ့်အလုပ်ကိုထွက်လာခဲ့လိုက်တယ်။ဒါပေမဲ့အချည်းနှီးသာ...
တခါမှမရောက်ဖူးတဲ့Showroom အရောက် ဟိုကြည့်ဒီကြည့်လုပ်နေရာမှ...

ကျိလီ " ဒီကအစ်ကို ဘာလိုချင်လို့လဲဗျ "

"ရိပေါ်နဲ့တွေ့ချင်လို့ညီလေး "

" Boss ကအပြင်သွားတယ်ဗျ ဆိုင်ကယ်ကြည့်မယ်ဆို ကျွန်တော်နဲ့ပဲပြီးပါတယ်ဗျ "

" ညီလေးကဘာရာထူးလဲ သူကရောဘယ်သွားတာလဲ သွားတာကြာပြီလား ဘယ်သူနဲ့လဲ "

" ကျွန်တော်ကရိပေါ့်သူငယ်ချင်းပါ ဒီမှာမန်နေဂျာပါ အစ်ကိုကဘယ်သူမို့ boss အကြောင်းအဲ့လောက်သိချင်နေရတာလဲ "

ရိပေါ့်သူငယ်ချင်းတဲ့လား မြင်တောင်မမြင်ဖူးဘူး.....

" မေးတာဖြေပါ "

ရှောင်းကျန့်ခပ်တည်တည်နဲ့မေးနေသည်မို့ သူနဲနဲတော့ရာသီဥတုအေးလာသလိုခံစားရတယ်။ဘယ်သူမှန်းမသိပေမဲ့လည်း ဒါလေးပြောပြလိုက်တာတော့ပြသနာမဖစ်ဘူးမလား......

" ဟို boss က မိတ်ဆွေအမျိုးသမီးတစ်ယောက်ကား၀ယ်တာလိုက်သွားပေးတာပါမနက်ထဲကပါ "

" အဲ့အမျိုးသမီးနာမည်သိခွင့်ရှိမလား "

" ဟို .... "

" ဘာမှမဖစ်စေရဘူး "

" ရှင်းမေပါ "

" ရှင်းမေ ! ရှင်းမေ ဆိုတာသူ့ရည်းစားဟောင်း ! "

" ဟုတ် !ဟုတ်ပါတယ်ဗျ "

" အဲ့တာဆို မနေ့ကသူတို့ Shopping mall သွားတာလဲ မင်းသိတယ်ပေါ့ "

" ဟို အ့တာက "

" ဘာမှမဖစ်စေရဘူးလို့ပြောပြီးပြီမလား "

" မနေ့က ရိပေါ်သူ့ပါးဆီသွားနေတာမို့အလုပ်ကို 10 နာရီလောက်မှလာတာပါ ရှင်းမေက 9 နာရီလောက်ထဲကလာစောင့်နေတာပါ ရှင်းမေက အရင်တစ်ရက်ကမှ US ကပြန်ရောက်တာပါ "

" အော် အဲ့တော့ သူနဲ့လိုက်သွားတယ်ပေါ့ဘယ်အချိန်ပြန်လာလဲ "

🦁💚my husband🐰❤️ { Complete }Where stories live. Discover now