Part : 10(U&Z)

12.1K 747 7
                                    

Uni💗

ရှောင်းကျန့်သူတို့နဲ့ထမင်းအတူတူမစားချင်တာလဲပါသည် ။တကယ်လဲပန်းအိုးတွေရောက်နေပြီမို့ပြန်လာခြင်းဖြစ်၏။ပန်းကိုကြိုက်လို့ရယ်တော့မဟုတ်ဘူး ခြံအလွတ်ထက်စာရင်ပန်းလေးတွေရှိတော့သာယာသလိုလှလဲလှမယ်ထင်လို့ စိတ်ညစ်နေချိန်လဲပန်းလေးတွေကိုသန့်ရှင်းရေးလုပ်လိုက်ဂရုစိုက်ပေးလိုက်ရင်သက်သာသွားမယ်ထင်လို့ အ့လိုဆိုနောက်ကျပန်းလေးတွေကိုလဲကြိုက်လာမယ်ထင်တယ် ...

ကားမောင်းရင်းတော့စိတ်ရှုပ်စရာဘာမှမတွေးချင်တော့ စိတ်သက်သာရာရအောင်ကားထဲမှာသီချင်းဖွင့်ပြီးသီချင်းလေးညည်းရင်းပြန်လာခဲ့သည် ။အိမ်ရောက်တော့ ခြံစောင့်ဦးလေးကပန်းအိုးတွေလာချပေးတဲ့ကောင်လေးတွေကိုခြံထဲမှာစကားပြောရင်းကော်ဖီတွေမုန့်တွေနဲ့ဧည့်ခံထားသည်။ရှောင်းကျန့်လဲပန်းအိုးတွေချမဲ့နေရာတွေကိုလိုက်ပြရင်း တစ်နာရီကျော်ကျော်လောက်ကြာသွား၏။အလုပ်အကုန်ပြီးတာနဲ့ရေတန်းချိုးလိုက်သည်။၀မ်အိမ်တော်မှာလဲမီးဖို၀င်လာတာမို့လူကပူအိုက်နေပြီ....

ရေချိုးပြီးဗိုက်ကလဲဆာလာပြီ ။အိမ်မှာကလဲသူမချက်ရင်ချက်မဲ့သူကမရှိ ။၀မ်အိမ်မှာလဲမီးဖိုထဲ၀င်လာတာမို့ထပ်ပြီးမီးဖိုထဲမ၀င်ချင်။ထို့နောက်အပြင်ထွက်စားဖို့ပဲပြင်လိုက်သည်။လေကောင်းလေသန့်ရှူရင်းနဲ့အပြင်လဲထွက်ရင်းပေါ့။
:
:
လေကောင်းလေသန့်ရအောင် ရှူခင်းလေးလဲကြည့်ရအောင် ကန်ဘေးမှာရှိတဲ့စားသောက်ဆိုင်ကိုသာလာခဲ့လိုက်သည်။ စိတ်လဲနဲနဲရှုပ်နေတယ်ခံစားရတော့ပန်းချီလဲဆွဲရင်းပေါ့။ရှောင်းကျန့်ကဆရာ၀န်လုပ်ရတာလဲဝါသနာပါသလိုပန်းချီဆွဲတာလဲဝါသနာပါသည်။ရှောင်းကျန့်စိတ်ရှုပ်တိုင်းစိတ်ညစ်တိုင်းအပန်းဖြေရာလေးကပန်းချီဆွဲခြင်းပါပဲ။အခုကဘာကိုစိတ်ရှုပ်မှန်းမသိပေမဲ့စိတ်ရှုပ်နေတာတော့ဟုတ်သည်။အ့ကြောင့် view ကောင်းတဲ့ဒီဆိုင်လေးကိုလာခြင်းဖြစ်၏။

" အစ်ကိုဘာသုံးဆောင်မလဲဗျ "

" ကော်ဖီခါးခါးလေးတစ်ခွက် "

ရှောင်းကျန့်ကသာမန်အချိန်ဆိုကော်ဖီလုံး၀မသောက်တတ်တဲ့သူမျိုးဖြစ်၏။စိတ်ညစ်တာတို့စိတ်ရှုပ်တာတို့ဆိုရင်တော့ကော်ဖီခါးခါးသောက်တတ်သည် ။ ခင်ဗျားတို့မသိသေးတာတစ်ခုရှိသေးတယ်။ရှောင်းကျန့်ကဆေးလိပ်သောက်တတ်သေးသည်။ဆေးလိပ်ကိုလဲကော်ဖီလိုပဲ သူစိတ်ညစ်မှသောက်သည်။သူပန်းချီဆွဲတာတို့ကော်ဖီသောက်တာတို့ဆေးလိပ်သောက်တာတို့သူကလွဲပြီးဘယ်သူမှတော့မသိပေ။

🦁💚my husband🐰❤️ { Complete }Wo Geschichten leben. Entdecke jetzt