Part : 19(U&Z)

13.7K 772 152
                                    

Uni💗

နောက်နေ့မနက်ရောက်တော့ ရှောင်းကျန့် ရိပေါ်နဲ့ဝေးရာကိုထွက်သွားဖို့ပြင်ဆင်နေသည် ... အခုလိုထွက်သွားရင်ရော နောင်တရစရာတွေရှိလာအုံးမှာလား ? ငါမင်းကိုမချုပ်နှောင်ချင်တော့ဘူး ။
ဒေါက် ဒေါက် ဒေါက် ...

" ကျန်းချန်လား ၀င်ခဲ့လေ လာ "

ကျွီ ...

" ကျန့်ကျန့် မင်းတစ်ယောက်ထဲငါစိတ်မချဘူးကွာ ကျဲတို့ ကောတ်ို့လဲသဘောမတူကြဘူးဘူး "

" ငါလဲမတတ်သာတဲ့အခြေအနေမို့ပါကွာ "

" ကျန့်ကျန့် ကျဲတို့၀င်လာခဲ့မယ်နော် "

" ဟုတ်ကဲ့ "

" ကျဲတို့ ကောတို့ပါလား ဘယ်အချိန်ထဲကရောက်နေတာလဲ ကားသံလဲမကြားမိပါဘူး "

" အစောထဲကရောက်နေတာယုန်ပေါက်ရဲ့ ယုန်ပေါက်အတွေးလွန်နေလို့ကောတို့ကားသံကိုမကြာတာနေမှာပေါ့ "

" ဒါနဲ့ ကျန့်ကျန့် ရိပေါ်မတွေ့အောင် သူနဲ့ဝေးရာထွက်သွားမယ်ဆိုတာ သေချာပြီလား "

" ကျွန်တော်ပြန်မစဥ်းစားချင်ဘူး ကျဲ "

" ကျန့်ကျန့်တို့ကိစ္စတွေအကုန်မသိပေမဲ့ အရင်လိုကျန့်ကျန့်ရဲ့မာနတွေအတ္တတွေကိုရှေ့တန်းတင်လို့မရတော့ဘူးလေ ကျန့်ကျန့်တစ်ယောက်ထဲမှမဟုတ်တော့တာ ရင်သွေးလေးရှိနေပြီလေ ကျန့်ကျန့်ကလေးမဆန်ချင်ပါနဲ့ ကျန့်ကျန့်နားလည်ရဲ့သားနဲ့နားမလည်ဘူးဆိုပြီးကိုယ့်စိတ်ကိုယ်မညာနေပါနဲ့ "

ကျဲပြောတာမှန်တယ် ကျဲပြောတာငါနားလည်တယ် ငါတမင်နားမလည်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုညာနေမိတာ ...

" ကျန့်ကျန့် ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးပြီဆို ကျဲ​မေးတာအမှန်တိုင်းဖြေ "

ရှောင်းကျန့်ခေါင်းညိမ့်လိုက်သည် ...

" ကျန့်ကျန့် သူ့ရဲ့ရင်သွေးကိုလွယ်ဖို့ဆန္ဒရှိရင် ဘာလို့ကွာရှင်းခွင့်တောင်းခဲ့တာလဲ ?အဲ့လိုမဟုတ်ဘဲကွာရှင်းဖို့ဆန္ဒဖို့ရှိရင် ဘာလို့ရင်သွေးကိုလက်ခံခဲ့တာလဲ အရင်လိုပဲတားဆေးသောက်လို့ရနေတာပဲ ... ဘာလို့ကွာရှင်းပြီးမှကလေးထယူတာလဲ ? ကျန့်ကျန့်သူ့ကိုချစ်နေမိပြီလား ? သူ့ကိုချစ်လို့ ကိုယ့်ဘ၀နဲ့ရင်းပြီး သူ့ရင်သွေးကိုလွယ်ခဲ့တာပေါ့ "

🦁💚my husband🐰❤️ { Complete }Where stories live. Discover now