🔞Part : 12🔞(U&Z)

14.8K 760 15
                                    

Uni💗

ရိပေါ်အိမ်ပြန်ရောက်တော့ရှစ်နာရီထိုးနေပြီဖြစ်သည် ။ရှောင်းကျန့်ကိုလိုက်ရှာတယ်။တစ်အိမ်လုံးအရိပ်အယောင်တောင်မတွေ့။အ၀တ်ပေခြင်းထဲမှာလဲဒီနေ့၀တ်သွားတဲ့အ၀တ်တွေမတွေ့။လက်ဆွဲအိတ်လဲခုံပေါ်မှာမရှိ။ဘာလဲပြန်မရောက်သေးတာလား။တွေးရင်းကားဟွန်းတီးသံကြားလို့ထွက်ကြည့်တော့ ရှောင်းကျန့်နဲ့လူတစ်ယောက်။
ရှောင်းကျန့်ကိုလိုက်ပို့ဟန်တူပါတယ်။ဒါနဲ့ရိပေါ်လဲအိမ်အပြင်ထွက်လာလိုက်တယ်။

" ရိပေါ်လာလေ မိတ်ဆက်ပေးမယ် ။ရိပေါ် !ဒါရွှယ်ယန်ကောရဲ့သူငယ်ချင်း ကျန်းချန်နဲ့လည်းရင်းနှီးတယ် လျှိုဟိုက်ခွမ်းတဲ့ ။ခွမ်းကော သူက၀မ်ရိပေါ်တဲ့ ကျွန်တော့အမျိုးသား "

" တွေ့ရတာ၀မ်းသာပါတယ် CEO Wang "

" ကျွန်တော်လဲတွေ့ရတာ၀မ်းသာပါတယ် ပေါ့ပေါ့ပါးပါး ရိပေါ်လို့ပဲခေါ်ပါ "

" ခွမ်းကော မှောင်နေပြီမို့ ကျွန်တော်ဧည့်မခံတော့ဘူး နောက်နေ့မှဧည့်ခံတော့မယ်နော် "

" ဟဟ !ဟုတ်ပါပြီ ကောလဲ၀င်စရာလေးရှိသေးလို့သွားပြီကျန့်ကျန့် !ခွင့်ပြုပါအုံး ရိပေါ် "

XZ / WYB : " ဟုတ်ကဲ့ "

ခွမ်းကောထွက်သွားတော့နှစ်ယောက်သားအပေါ်တက်ကာအိမ်ထဲ၀င်ခဲ့လိုက်ကြတယ်။ပြီးတာနဲ့တစ်ယောက်တစ်လှည့်ရေချိုးလိုက်ကြ၏။ ရိပေါ်ရေချိုးပြီးထွက်လာတော့ ကောကမျက်မှန်လေးတပ်ကာစာဖတ်နေသည်။
ထုံးစံအတိုင်းသူ့ဆေးစာတွေပဲပေါ့။

" ယောက်ျား ညစာစားခဲ့ပြီးပြီမလား ကိုကိုပြင်မပေးတော့ဘူးနော် နားတော့မယ် "

သူအပြင်မှာစားလာမှန်းဘယ်လိုသိလဲမသိပေမဲ့ ဂရုတစိုက်မေးပေးနေလို့လူကိုကြည့်ပြီးမေးတယ်မထင်နဲ့။ပါးစပ်ကသာမေးတာမျက်လုံးကစာအုပ်ထဲမှာ။

" ကိုကိုကရော မစားတော့ဘူးလား "

" အွန်း မစားတော့ဘူး ၀င်၀င်ချင်းလူနာတွေပုံနေတော့ ပင်ပန်းလာလို့နားချင်ပြီ "

" ကိုယ်ဘာလုပ်ပေးရမလဲ သံပုရာရေသောက်မလား နှိပ်ပေးရမလား "

🦁💚my husband🐰❤️ { Complete }Where stories live. Discover now