Part : 22(U&Z)

15.1K 727 20
                                    

Uni💗

ကျန်းချန်လဲအခန်းထဲမှာအင်္ကျီကျန်ခဲ့လို့ပြန်လာယူတော့ အခန်းတံခါးနားမှာကျုံ့ကျုံ့လေးထိုင်ကာငိုနေတဲ့ရိပေါ်ကိုမြင်လိုက်ရတော့ သူပါ၀မ်းနည်းလာသည် ...သူလဲနောက်နေ့မှယူမယ်ဆိုပြီးပြန်လှည့်လာခဲ့သည် ။ အောက်ရောက်တော့ ကောတ်ို့ကိုပါပြောပြလိုက်တော့ အားလုံးကစိတ်မကောင်းဖြစ်ပြီး၀မ်းနည်းနေကြသည်။

* ကိုကိုနဲ့ငါ့ကလေးလေးကိုငါကကာကွယ်စောင့်ရှောက်ရမှာ ဒီလိုပျော့ညံ့နေလို့မဖြစ်သေးဘူး ငါအလုပ်တွေကြိုးစားရမယ် ငါ့ကလေးအတွက် *

ရိပေါ်လဲခနအကြာ ငိုတာရပ်လိုက်ပြီးထထိုင်ကာ အခန်းထဲကိုတချက်ကြည့်လိုက်သည် ... ကိုကိုအိပ်နေပြီ ဒါမဲ့အိပ်ပျော်နေတာမဟုတ်ဘူးထင်ပါရဲ့ မျက်တောင်မှာမျက်ရည်လေးတွေတွဲခိုနေသေးကာတချက်တချက်ရှိုက်နေသေးသည် ။

ရိပေါ်လဲငိုထားတော့မလန်းဆန်းတာနဲ့အိမ်ပြန်ရေချိုးပြီး နေ့တစ်၀က်မှီလဲတစ်၀က်ဆိုပြီး
ကုပ္မဏီကိုထွက်လာခဲ့သည် ။

ညရောက်လို့ရှောင်းကျန့်ဆီထပ်လာတော့ရှောင်းကျန့်ကအိပ်နေတယ်ထင်တယ် ဘေးမှာဘယ်သူမှလဲမရှိကြဘူး ။ထို့နောက်သူလဲအရဲစွန့်ပြီးအခန်းထဲ၀င်လာခဲ့လိုက်၏။သူထပ်ပြီးအရဲစွန့်ကာကိုကို့နဖူးပေါ်ကျနေတဲ့ဆံနွယ်လေးတွေကိုအသာအယာဖယ်ကာကိုကို့နဖူးလေးကိုဖွဖွလေးနမ်းလိုက်သည် ။

ရှောင်းကျန့်စိတ်ပင်ပန်းလို့ခနမှေးကာအနားယူနေတုန်းအခန်းထဲလူ၀င်လာတာမို့သူစိမ်းဖြစ်မှာဆိုးလို့မျက်လုံးဖွင့်ကြည့်မို့အလုပ် နှာခေါင်းထဲ၀င်လာတဲ့ရိပေါ်ရဲ့ကိုယ်သင်းရနံ့ကြောင့် ရိပေါ်မှန်းသိလိုက်သည် ။

သုံးနှစ်ကြာအတူတူနေလာတဲ့ဒီကောင်လေးကိုယ်သင်းရနံ့ကိုသူမှတ်မိတာပေါ့ ...အဲ့ဒါကြောင့်ဆက်မှိန်းနေလိုက်တယ် ...ကိုယ်တော်ချောကသူများနဖူးကိုပိုင်ဆိုးပိုင်နက်နမ်းလိုက်သေးသည် ။နောက်တော့သူ့ဘေးကခုံပေါ်သန့်ရှင်းရေးလုပ်ပေးနေသည်ထင်ပါတယ် ... ခနကြာမှရင်ဘတ်ပေါ်လျှက်ကာတင်ထားတဲ့သူ့လက်လေးကိုလာကိုင်တယ် ... ပါးစပ်ကလဲစကားတွေပြောနေသေးသည် ။

🦁💚my husband🐰❤️ { Complete }Where stories live. Discover now