Part : 17(U&Z)

12.7K 794 23
                                    

Uni💗

ရှောင်ကျန့်အခုရက်ပိုင်းစိတ်တွေအရမ်းရှုပ်နေလို့ ဆေးရုံကတစ်ပတ်ခွင့်ယူထားခြင်းဖြစ်သည် ...
အဲ့တစ်ပတ်ကိုအရင်တခါကတာ၀န်ကျလို့သွားခဲ့တဲ့ရွာလေးကိုသွားလည်ဖို့ဆုံးဖြတ်ထားတယ် ...
ဆေးပစ္စည်းတွေလဲအစုံယူသွားတယ် ... ရွာမှနေမကောင်းတဲ့သူရှိရင်အလကားကုပေးမလို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်သည် ...

မနက်လင်းတော့ ဟိုသကောင့်သားကလူကိုဖက်လုံးထင်နေတာလားမသိဘူး လက်ကလဲဖက်ပြီးခြေထောက်ကလဲခွထားသေးသည် ...
လူကအားကြီးတော့ဖယ်ရတာတော်တော်လေးသည် ...

" အာရိုး!တော်တော်လေးတာပဲ "

ရှောင်းကျန့် သူ့ပေါ်ကလက်တွေခြေထောက်တွေဖယ်တော့ သူကနိုးလာတယ် ...

" အို !sry "

ရှောင်ကျန့်လဲမကြားချင်ယောင်ဆောင်ပြီး ရေချိုးခန်းထဲ၀င်ခဲ့သည် ...
*အဲ့လိုမကြားချင်ယောင်ဆောင်ပြီးပြန်မဖြေတာကိုသေအောင်စောက်သည်းယားတာ*
ပြန်ထွက်လာတော့သူက၀ရံတာမှာ ph ပြောနေသည် ...
ကိုယ်လဲအ၀တ်လဲကာ ခရီးသွားဖို့ပြင်လိုက်သည် ...
ထိုစဥ်ရိပေါ်လဲရေချိုးခန်းထဲကထွက်လာသည်။ဘယ်အချိန်ရေချိုးခန်းထဲ၀င်သွားလဲတောင်သတိမထားမိဘူး ...
ရှောင်ကျန့်လည်းးအားလုံးပြင်ဆင်ပြီးတော့ လက်ကေ့ချ်ယူကာထွက်လာသည် ...
အောက်မှာ ပါးနဲ့မားလဲမတွေ့ ...သူလဲမေးမနေချင်တော့တာနဲ့ ကားပေါ်ပစ္စည်းတွေတင်ကာထွက်လာခဲ့လိုက်သည် ...

ရိပေါ့် ပါးနဲ့မားက ညဆယ့်နှစ်နာရီလောက်မှအရေးကြီးကိစ္စတစ်ခုရှိလို့ဆိုပြီး ph လာလို့ပြန်သွားသည် ...
ရှောင်ကျန့်အိပ်နေသည်မို့ မနှုတ်ဆက်ပဲပြန်သွားသည်တဲ့ ...
အစောကရိပေါ် Ph ဆက်တာ ပါးနဲ့မား ညကအဆင်ပြေလား ဘာကိစ္စလဲလှမ်းမေးနေခြင်းသာ ...
ရိပေါ်လဲထွက်သွားတဲ့သူကိုကြည့်ကာ စိတ်ထဲမှာလည်း အခန်းထဲမှာနှစ်ယောက်ပဲရှိတာတောင် နှုတ်မဆက်သွားဘူးလို့တွေးလိုက်မိ၏။

___________
ရှောင်ကျန့်လဲ တစ်ပတ်ပြည့်လို့အိမ်ရောက်တော့ ဟိုသကောင့်သားကအိမ်မှာရှိမနေဘူး ...
သူလဲခရီးပန်းလာတာမို့ရေမိုးချိုးကာအိပ်လိုက်သည် ...
မနက်ဖြန်ဆို အလုပ်ပြန်သွားရတော့မှာပဲ .... ဟူး!

🦁💚my husband🐰❤️ { Complete }Where stories live. Discover now