Part : 2(U&Z)

16.8K 986 5
                                    

Uni 💗

"ပါးနဲ့မား အရင်နှစ်ကျွန်တော်လာတုန်းက ကိုကိုနဲ့ကလက်ထပ်ခါစဆိုတော့ ကိုကိုနဲ့လဲသိပ်မရင်းနှီးသေးတော့ ကတိတစ်ခုမပေးခဲ့ရဘူး။ အခုပါးနဲ့မားရှေ့မှာအဲ့ဒီကတိကိုကျွန်တော်ပေးပါ့မယ်။ ကျွန်တော့်ကြောင့်ကိုကိုမပျော်ရွှင်ရတောင်မှစိတ်မဆင်းရဲစေရပါဘူး ။ကျွန်တော်တို့သတ်မှတ်ထားတဲ့အချိန်တစ်ခုထိကိုကို့ကိုဂရုစိုက်ပေးနားလည်ပေးသွားပါ့မယ်။ ပါးနဲ့မားစိတ်ချပါ ပါးနဲ့မားကိုလည်းကျွန်တော့်ရဲ့မိဘတွေလိုသဘောထားပါတယ် ။ပါးနဲ့မားကောင်းရာဘုံဘ၀မှာအေးအေးချမ်းချမ်းအနားယူပါ"

ရိပေါ်ပြောတဲ့ကျွန်တော်တို့သတ်မှတ်ထားတဲ့အချိန်တစ်ခုဆိုတာကျွန်တော်တို့နှစ်ဦးပဲသီးသန့်တိုင်ပင်ပြီးသဘောတူထားတာရှိတယ် ။ဘာလဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်အိမ်ထောင်သက်တမ်း ၃ နှစ်ပြည့်တဲ့အချိန်ကျရင်ကွာရှင်းပြီးကိုယ့်လမ်းကိုယ်လျှောက်ဖို့ပါပဲ နှစ်ယောက်လုံးကချစ်လာဖို့တော့မရှိပါဘူး ။

ဘာလို့ဆို ကျွန်တော်တို့နှစ်ယောက်လုံးမှာရှိခဲ့ဖူးတဲ့ချစ်သူတွေရှိခဲ့ဖူးကြတယ်လေ။ ကျွန်တော်တို့တွေကအရမ်းချစ်ကြတဲ့ချစ်သူတွေလေ ပြောမရဘူး ကျွန်တော်တို့ကွာရှင်းပီးရင် ရိပေါ်နဲ့သူ့ချစ်သူကဒုတိယအိမ်ထောင်ထူဖြစ်မလားပဲ ဘာလို့ဆိုရိပေါ်နဲ့သူ့ကောင်မလေးကအဆက်အသွယ်တော့မပြတ်ဘူးသူငယ်ချင်းလိုခင်တုန်းပဲတဲ့ အဲ့တာသူ့ကိစ္စပါ ။

ဒါမဲ့ကျွန်တော်တစ်ခုမှာပြီးသား မကွာရှင်းရသေးပဲ မဖောက်ပြန်ဖို့ ကျွန်တော်ကသစ္စာဖောက်ရင်အရမ်းမုန်းသည်။ အခုလဲသူတို့ကသူငယ်ချင်းလိုတဲ့ အ့ကြောင့်ဘာမှမပြောသေးတာဖြစ်၏။ကျွန်တော်ကတော့ချစ်ရသူကိုပစ်ပြီးတခြားသူတစ်ယောက်ကိုလက်ထပ်ထားလို့လားမသိဘူး စိတ်မသန့်ဘူး အားလဲနာတယ် မျက်နှာချင်းကိုမဆိုင်ရဲဘူး ။

အဲ့ဒါကြောင့်သူငယ်ချင်းတောင်မလုပ်နိုင်ဘူး သူမကတော့နားလည်ပေးရှာပါတယ် ။" မ "ကလဲကျွန်တော်တို့ဆေးရုံက အရိုးအထူးကု"ဒေါက်တာ ၀မ်ချင် "တဲ့။ ဆေးရုံကအတူတူဆိုတော့ တစ်ရက်တစ်ခါလောက်ကတော့တွေ့နေရတာပေါ့ တတ်နိုင်သမျှတော့ရှောင်ပါတယ် ။" မ "ကကျွန်တော့်ထက်နှစ်နှစ်ကြီးသည်။ ရိပေါ်ကတော့ကျွန်တော့်ထက်နှစ်နှစ်ကျော်ကျော်ငယ်၏။သူ့ကောင်မလေးနာမည်က" ရှင်းမေ "ဆိုလားပဲ ။

🦁💚my husband🐰❤️ { Complete }Where stories live. Discover now