Part : 3(U&Z)

13.2K 860 4
                                    

Uni 💗

Uni 💗

ဆေးရုံတစ်ခုလုံးဖိတ်တဲ့အတွက် "မ"လည်းပါတာပေါ့ ... ကံဆိုးတာလားကံကောင်းတာလားတောင်မခွဲခြားတတ်တော့ဘူး... "မ"နဲ့တစ်ဝိုင်းထဲမှာထိုင်ရတယ်..."မ"ကလဲသဘောရိုးနဲ့နှုတ်ဆက်တော့ပြန်နှုတ်ဆက်ရတာပေါ့။ခနအကြာကျန်းချန်လဲပြန်ရောက်လာလို့တစ်ဝိုင်းထဲထိုင်ပြီးစကားပြောရင်းဟာသတွေပါတော့ရီမောနေကြသည်။အဲ့ဒီ့အချိန်မှာပဲရိပေါ်နဲ့သူ့သူငယ်ချင်းဟောက်ရွှမ်းကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။

ဘာကိစ္စနဲ့လာလဲတော့မသိဘူး လာတော့လဲကျွန်တော်တို့ဝိုင်းကိုတည့်တည့်ကြီးရောက်ချလာသည်။ရိပေါ်နဲ့ကျွန်တော်က အတိတ်မှာရည်းစားကိုယ်စီရှိခဲ့ဖူးတာပဲသိကြတာဘယ်သူလဲမမြင်ဖူးကြဘူး။ထပ်ပြီးကံဆိုးတာပဲနေမှာပါ "မ"ကဟောက်ရွှမ်းအစ်မ၀မ်းကွဲတဲ့...

ပါတီမလို့သူ့အစ်မကိုစိတ်မချလို့လာကြိုတာနဲ့ရိပေါ်ပါ,ပါလာတာတဲ့လေ။ကျွန်တော်တို့နှစ်ယောက်ကလည်းတစ်ယောက်နဲ့တစ်ယောက်မသိချင်ယောင်ဆောင်နေကြလိုက်တယ်။ဟိုနေ့ကစကားများထားတာကို…

ကျွန်တော်ရဲ့ခင်ပွန်းကရိပေါ်ဆိုတာသိတဲ့သူလည်းရှိသလိုမသိတဲ့သူလည်းမသိဘူး။မသိတဲ့သူတွေထဲမှာ"မ"ကထိပ်ဆုံးက ...သူတို့ကိစ္စကိုမသိတဲ့သူကများပါတယ်။ဘာလို့ဆိုကျွန်တော်တို့ကတွဲသွားတွဲလာလုပ်တာလဲရှားတယ် မင်္ဂလာပွဲလဲအကျဥ်းချုံးဆိုတော့တော်ရုံသိပ်မသိကြဘူး။

ကျွန်တော်ဒီတစ်ညလုံးကံဆိုးပြီးရင်းဆိုးနေတာပါ...ရိပေါ်တို့လဲ " မ "ကိုခေါ်ပြီးပြန်မယ်အလုပ် ဂျူနီယာကောင်လေးတစ်ယောက်ကရောက်လာတယ် ဘာလို့လဲတော့မသိဘူး မျက်ခုံးကတော့ခပ်လှုပ်လှုပ်...

"စီနီယာကျန့်ကော ဘာလဲပါတီတတ်တာတောင် စုံတွဲခုတ်တာပေါ့ ဟုတ်လား။စီနီယာ မမ မင်္ဂလာပါကျွန်တော့်ကိုမှတ်မိတယ်မလား ကျဲနဲ့ကျန့်ကောနဲ့ညစျေးတန်မှာတုန်းက ကျွန်တော့်ကိုတောင်မုန့်၀ယ်ကျွေးသေးတယ်လေ ။အဲ့နောက်ရက်ပဲကျွန်တော်ကအပြောင်းအရွှေ့ကျတော့နှုတ်မဆက်လိုက်ရဘူး ။ပြန်ရောက်တာတစ်ပတ်ပဲရှိသေးလို့ ကျန့်ကောနဲ့ကျဲကိုလာမနှုတ်ဆက်ဖြစ်တာ ဒါနဲ့မင်္ဂလာမဆောင်ကြသေးဘူးလား ဘယ်တော့စားရမှာလဲဗျ ဟဲဟဲ! "

🦁💚my husband🐰❤️ { Complete }Where stories live. Discover now