Part : 8(U&Z)

10.2K 704 4
                                    

Uni💗

မနက်ခင်းနေရောင်ခြည်နဲ့အတူကောင်လေးတစ်ယောက်နိုးလာခဲ့သည်။ရင်ခွင်ထဲကလူကြီးရဲ့နဖူးလေးကိုဖွဖွလေးနမ်းလိုက်ပြီးအလုပ်သွားဖို့အတွက်မျက်နှာသစ်ရေချိုးဖို့ရေချိုးခန်းထဲ၀င်ခဲ့လိုက်၏။တပြိုင်နက်အိပ်ယာပေါ်ကကောင်လေးလဲနိုးနေတာနဲ့အိပ်ယာမှထကာသူအလုပ်သွားမို့အ၀တ်အစားထုတ်ပေးထားလိုက်သည်။သူရေချိုးတာကကြာမည်ဖစ်သောကြောင့် အောက်ထပ်ကရေချိုးခန်းမှာမျက်နာသစ်ပြီးမနက်စာပြင်ပေးထားလိုက်၏။

" ကိုကို ဘယ်အချိန်ထလိုက်တာလဲ "

" ယောက်ျားရေချ်ိုးခန်းထဲ၀င်သွားတော့ နိုးလာတာ"

"အော် ကိုယ်ရေချိုးတာကြာသွားတယ်ထင်တယ် မနက်စာတောင်ပြင်ပြီးပြီဆိုတော့ "

" အွန်း "

ကိုကိုပြင်ပေးတဲ့မနက်စာကိုစားလာခဲ့ပြီးနှုတ်ဆက်အနမ်းပေးကာ ပါးကုပ္မဏိီကိုလာခဲ့သည်။ပါးကခေါ်လို့သာ...

Knock ! Knock !

" ၀င်ခဲ့ "

" ပါး ဘာ​ကိစ္စရှိလို့လဲ "

"ထိုင်ပါအုံး သားရယ် "

"ဟုတ်"

" သားဘယ်အချိန်မှ ပါးကုပ္မဏီကိုဦးစီးမှာလဲ ပါးကိုလည်းကြည့်ပါဦးကွာ "

" … "

" သားမမွေးခင်ထဲက ပါးဒီအလုပ်တွေလုပ်လာရတာ သားနဲ့သားရဲ့မားအတွက် ပါးကြိုးစားလာတာနှစ်တွေမနည်းတော့ဘူးသား !အခုသားတောင်အိမ်ထောင်နဲ့ဖြစ်နေပြီ ။ပါးလည်းအနားယူချင်ပြီ...သား နားလည်သင့်နေပြီ "

" ကျွန်တော်နားမလည်တာမဟုတ်ပါဘူး ပါး .... ပါးစိတ်မပူပါနဲ့ ပါး အဆင်ပြေမဲ့အချိန် သားလက်လွှဲယူပါ့မယ် "

" ဟေ !တကယ်လာသား ပါး၀မ်းသာလိုက်တာကွာ"

" ဟုတ် သားသေသေချာချာစဥ်းစားပြီးပါပြီ ။ကျွန်တော်မွေးကထဲကနေ အခုချိန်ထိမိဘနှစ်ပါးလုံးကကျွန်တော့်ကို အပူအပင်မရှိလိုလေသေးမရှိအောင်ထားပေးခဲ့တာ အခုကျွန်တော်ကပြန်လုပ်ကျွေးရမဲ့အလှည့်ရောက်ပါပြီ .... နောက်ပြီး ပါးနဲ့မားကိုလဲကျွန်တော်ကျေးဇူးတင်ပါတယ် ။အခုချိန်ထိ ကျွန်တော့်ကိုမငြိုမငြင်အလိုလိုက်အကြိုက်ဆောင်ပေး ဆိုးသမျှသည်းခံပေး ချစ်ပေးလို့ "

🦁💚my husband🐰❤️ { Complete }Where stories live. Discover now