Part : 6(U&Z)

11K 745 8
                                    

Uni💗

ရှောင်းကျန့်ငိုရတာပင်ပန်းလို့တစ်ရေးလောက်အိပ်ပျော်သွားပြီးပြန်နိုးတော့ညနေရောက်တော့မှာဖြစ်သည်။မနေ့ကမှရောက်တာမလို့ဒီနေ့ဆေးခန်းမထိုင်ဘဲအားလုံးအနားယူနေကြသည်။ရှောင်းကျန့်လဲအိပ်ရာနိုးခါစမလန်းဆန်းတာမို့ရေချိုးလိုက်၏။ခနကြာတော့ဧည့်သည်ရောက်နေတယ်လို့သူကြီးသမီးလာခေါ်လို့အောက်ဆင်းကြည့်တော့လူစိမ်း 4 ယောက် ...

၀မ်ရိပေါ်တပည့်တွေနေမှာပေါ့! ဘာလို့သိတာလဲဆိုတော့ကိုယ့်ကားကခြံထဲရောက်နေပြီမလို့ ကားလာပို့တာဆိုတာအသိသာကြီး ... သူတို့နားရှောင်းကျန့်ရောက်သွားတော့သူတို့ထဲကတစ်ယောက်ကကိုယ့်ကိုကားသော့ပေးသည်။ ပြီးတော့အရိုအသေပေးပြီးချက်ချင်းပဲကားပေါ်တက်ကာပြန်သွားကြ၏။

၀မ်ရိပေါ်တပည့်တွေပီသပါပေတယ်...၀မ်ရိပေါ်လိုပဲ မျက်နှာထားကတစ်လောကလုံးကသူတို့လုပ်စာထိုင်စားနေတဲ့ရုပ်တေနဲ့ စကားကလဲမပြောတတ်တာဘာလားပဲ တစ်ခွန်းမှဟမသွားဘူး...ဆရာကကားလာပို့ခိုင်းတာဘာညာသရကာတောင်ပြောမသွားဘူး...

အေးလေ စဥ်းစားကြည့်တော့လဲပြောစရာမှမလိုတာ ကားတစ်စီးလုံးမြင်နေရမှတော့ ၀မ်ရိပေါ်လာပို့ခိုင်းမှန်းသိတာပေါ့ …ကိုယ့်ကားကသူပဲစီးသွားတာကို။ကားကိုချက်ချင်းကြီးလာပို့ခိုင်းတယ် တစ်ရက်တောင်မကူးဘူး ငါ့ကားလေးသနားပါတယ် သွားလိုက်ပြန်လိုက်တနေကုန်မနားရသေးဘူး...
:
:
:
အင်း…ဘာလိုလိုနဲ့ရွာလေးကိုရောက်တာနှစ်ပတ်ရှိပြီပဲ...သူကြီးသမီးကလဲအိမ်ထောင်သည်လို့ပြောထားပေလို့သာပဲ မပြောထားရင်မလွယ်ဘူး အထာပေးချက်ကလက်လန်တယ်။၀မ်ရိပေါ်လိုတေမိနဲ့တောင် အိမ်ထောင်ကျတာစိတ်ညစ်နေတာ...သူ့လိုသာလိကာမနဲ့သာဆိုမလွယ်ဘူး။ ဒီကြားထဲအိမ်ထောင်ကျရင်မိန်းမတွေတော်တော်များများက ပါးစိပါးစက်များသေး...

ကျဲနဲ့ကော ရွာကိုလိုက်လာကြတာတစ်ခုကောင်းသွားတယ် …ရွာရောက်မှကောက ကျဲရဲ့အလှကိုမြင်လာတယ်ထင်တယ် ။ကျဲကိုစိတ်၀င်စားနေတာသုံးရက်လောက်ရှိပြီတဲ့ ကျဲဘက်ကတော့ဘာအသံမှမကြားရသေးဘူး။

🦁💚my husband🐰❤️ { Complete }Where stories live. Discover now