Believe 7

4.9K 337 11
                                    

Zaw

အိပ်ယာခင်းလေးပေါ် ဦးဟိန်းအရင်လှဲလိုက်ပြီး ဘေးဘက်ကို ပုတ်ပြကာ
"လာ...အိပ်တော့ ပင်ပန်းနေပြီ..."

ပိုင်မှာ ပြုံးနေပင်မဲ့ စိတ်ထဲတော့ တတိယကမ္ဘာစစ်အလား.... ပြန်လဲမပြောရဲတာကြောင့် ငြိမ်ငြိမ်ကုတ်ကုတ်လေးပဲ ဦးဟိန်းဘေး ပိုင်ဝင်လှဲလိုက်သည်။

ဦးဟိန်းအား ကျောပေးကာ ပိုင်ဘေးစောင်းလေးနေနေသည်။ ချွေးတွေလဲ ပြန်လာသလိုလို....မျက်စိကိုလဲ အတင်းမှိတ်ထားရသည်။

ဦးဟိန်း ပိုင့်ကျောပြင်လေးအား ကြည့်ရင်း အပျော်ကြီးပျော်နေသည်။ ကလေးနဲ့ မိမိ၏ ပထမဦးဆုံး တစ်အိပ်ယာထဲ အတူတူရှိတဲ့ ည.......

ဦးဟိန်းတော်တော်နဲ့ အိပ်မပျော်...ကလေးဆီက ပုံမှန် အသက်ရှူသံလေးကြားတော့ ကလေးအိပ်သွားတာ သေချာသည်။ ကလေးရဲ့ ပျော့ပျောင်းတဲ့ ဆံနွယ်လေးတွေ...ရင်ခွင်ထဲ ထည့်ဖက်ထားချင်လောက်အောင် ဆွဲဆောင်တဲ့ ကျောပြင်လေးရယ်.....ကလေးရဲ့ မမို့တမို့ မက်မွန်သီးလေး နှစ်ခုရယ်...သွယ်လျသော ခြေထောက်လေးတွေရယ်......

ဦးဟိန်းတကယ် သမာဓိအားတွေ အတော် ထိန်းချုပ်နေရသည်။ ခုညကို မြန်မြန်မကုန်ဆုံးချင်ပင်မဲ့ ဒီလိုသာ ကြာကြာကြည့်နေရရင် ကလေးကို မိမိ ဘာထလုပ်မိမလဲ ကြောက်နေရသည်။

မျက်လုံးတွေကို အတင်း မှိတ်လိုက်ပြီး မြန်မြန်အိပ်ဖို့သာ ဦးဟိန်းဆုတောင်းနေရသည်။
.
.
.
ဂိုထောင်ဖြစ်တာကြောင့် နေအလင်းရောင်လေးက သိပ်ပြီး မဝင်လာ..... ပိုင့်မှာ ပင်ပန်းပြီး အိပ်လိုက်တာ အချိန်ဘယ်လောက်တောင် ရှိသွားလဲမသိ။ နိုးနိုးချင်းတွေ့လိုက်ရတာက မိမိမျက်စိရှေ့မှာ ကျယ်ပြန်သော အရာတစ်ခု....

တဖြည်းဖြည်း အပေါ်ဘက်ကို မော့ကြည့်လိုက်တော့ ရင်းနှီးလှသော မျက်နှာတစ်ခုကြောင့် ပိုင်လန့်သွားပြီး
*ဘုရားရေ!!! ဦးဟိန်းပါလား...ငါ...ငါက ဦးဟိန်းရင်ခွင်ထဲမှာလား....လှုပ်လို့လဲမရဘူး ဦးဟိန်းမသိအောင် ဘယ်လိုထွက်ရပါ့မလဲ....*

အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ပိုင့်မှာ အခုအခြေအနေကနေ ရုမ်းထွက်ဖို့ကြံနေရသည်။ အားသန်လှသော ဦးဟိန်းကလဲ ပိုင့်ကို လွတ်သွားမည့်အလား အတင်းဖက်ထားသည်။

Believe (Complete)Where stories live. Discover now