Believe 13

4.2K 279 30
                                    

Zaw

"ဘာ!!!! ဟာကွာ...."
"ကျွန်တော် သွားဖို့ စီစဉ်လိုက်ပါ့မယ်...... "
"အေး.... မြန်မြန်လုပ်...." မနက်စောစောစီးစီး ရုံးသွားဖို့ပြင်နေတုန်း ဝန၏ သတင်းပေးမှုကြောင့် အတော်စိတ်ရှုပ်သွားသည်။

မိမိအားအလုပ်ချိန်းဖို့ပြောခဲ့တုန်းက ဒီလိုဝေးဝေးသွားရမယ်ဆိုတာမသိခဲ့။ ပြီးတော့ သွားတဲ့နေရာက အလှမ်းဝေးနေသည်မို့ အတော်စိတ်ပူနေမိသည်။ စိတ်မချလို့ခုထိ အလုပ်ခုံကိုတောင် မိမိအခန်းထဲထားတာမှတ်လား ခုလိုဘယ်လိုမှမလွှတ်နိုင်။

အထုတ်အပိုးတွေ အမြန်ပြင်ဆင်ပြီး ပိုင့်ဆီသို့ ဦးဟိန်း သွားရတော့သည်။ ခရီးဝေးမို့ စိတ်ကလဲလောနေတာကြောင့် ပိုလို့ပင်ကြာနေသေးသည်။ မနက်ထဲက သွားတာခုဆို ညရောက်နေပြီ ဦးဟိန်းမှာ ကောင်းကောင်း မအိပ်နိုင်သေး။

ဝနအပြင် ဒါရိုက်ဘာတစ်ယောက်ပါ ထက်ခေါ်ထားသည်မို့ ခရီးအတွက်မစိုးရိမ်ရ။
"Boss အိပ်နှင့်လိုက်ပါ ကျွန်တော် ရောက်တာနဲ့ နှိုးပါ့မယ်...." ဝနပြောမှ ဦးဟိန်းလဲ အိပ်ဖို့လုပ်တော့သည်။ ရင်ထဲမှာတော့ စိုးရိမ်မှုများဖြင့်

*ကလေးရယ် အဲ့လို ဦးမသိအောင် မထွက်သွားပါနဲ့ ဦးစိုးရိမ်တယ်.....*
_________________

"မိုးကလဲ ခုမှ ဘာထဖြစ်တာလဲ....."
"တော်သေးတယ် တဲယူလာလို့...."
"မိုးရယ် တိတ်ပါတော့....." အလုပ်သမားတွေ တစ်ယောက်တစ်ပေါက်နဲ့ မိုးတိတ်ဖို့သာ ဆုတောင်းနေရသည်။

ရှုခင်းနေရာကြည့်ဖို့ တောင်ပေါ်သို့ တတ်လာခဲ့သော ပိုင်တို့တစ်ဖွဲ့ ခုတော့ မိုးသည်းနေတာကြောင့် ပြန်ဖို့ အခတ်တွေ့နေကြသည်။ ယာယီတဲလေးယူလာလို့ ခုတော့ အားလုံးစုပေါင်းခိုနေရသည်။

၅ယောက်လုံးလဲ မိုးတိတ်ဖို့သာ ဆုတောင်းနေကြရသည်။ ပိုင်လဲ မိုးမိထားတာကြောင့် အနည်းငယ်တော့ တုန်နေသည်။
.
.
.
"ကလေးပါသွားတယ်ပေါ့!!"
"ဟုတ်ကဲ့ Boss"
"ဟာ...ကျစ်!!! အခုချက်ချင်းလိုက်မယ် လိုတာတွေသယ်ခဲ့...." စက်အဖွဲ့တွေပြောသော တောင်ပေါ်သို့ ဦးဟိန်းနဲ့ ဝန မိုးရေထဲ ရှာပုံတော်ဖွင့်ရပေတော့သည်။

မိုးလဲသည်းနေတာကြောင့် ဦးဟိန်း၏စိုးရိမ်မှုများကလဲ တစ်စတစ်စ မြင့်တတ်လာသည်။ ဝနပေးသော ဆေးကိုသောက်ပြီး တောင်ပေါ်သို့တတ်ကာ မိုးရေစိုခံပြီး ရှာနေခဲ့ရသည်။

Believe (Complete)Where stories live. Discover now