Believe 11

4.7K 295 19
                                    

Zaw

ဦးဟိန်း ဒီနေ့နဲ့ဆို ရုံးမတတ်တာ ၃ရက်ပင်ရှိနေပြီ။ မိမိနဲ့ နှစ်ဦးထဲ ညစာစားပြီးနောက်ပိုင်း မတွေ့ရတော့တာ...
မိမိအပြစ်ကော ကင်းရဲ့လား ပိုင်တကယ်စိုးရိမ်နေမိသည်......

ဦးဟိန်း ထိုင်နေကျခုံကိုကြည့်ရင်း အတွေးများနေသော ပိုင့်ကို ဝနလှမ်းခေါ်လိုက်မှ အတွေးတို့ ပြန်ပြီး စုစည်းမိသည်။
"ပိုင်ဇင်ထွန်း...."
"ဟုတ်ကဲ့ အစ်ကိုဝန..."

"ဒါက Bossလက်မှတ်ထိုးပြီးသားတွေပါ ကျွန်တော်လာပေးတာ...." ဝနကမ်းပေးသော fileတွေအား လှမ်းယူလိုက်ပြီး မေးသင့်မမေးသင့် ပိုင် စဉ်းစားနေမိသည်။
"ဟို...ဟိုလေ...အစ်ကိုဝန ဦးဟိန်းအဆင်ပြေရဲ့လား။ သက်ကော သက်သာသွားပြီလား....."

မဝံ့မရဲဖြစ်နေသော ပိုင့်အား ဝနကြည့်ပြီး
"အင်း သက်သာသွားပြီ နည်းနည်းနားပြီးရင် ရုံးပြန်တတ်လို့ရပါပြီ...."
"ကျွန်တော်....သတင်းမေး.....လိုက်လို့ရမလား..."

ဝန တွေးမိသွားသည် ပေးတွေ့သင့်လား။ Bossအခြေအနေက ပေးတွေ့ပေးရင် အဆင်ပြေမယ်လို့တွေးမိပြီး ဝနလဲ ပိုင့်ကို ခေါ်လာလိုက်သည်။

အိမ်ကိုပိုင်ရောက်တော့ ပိုင် ဝင်ဖို့ဝန်လေးနေမိသည်။
"လာပါ ပိုင်ဇင်ထွန်း..... ဧည့်ခန်းထဲမှာ Bossစာထိုင်ဖတ်နေပါတယ်...." ပိုင်လဲ ဧည့်ခန်းထဲသို့လိုက်ဝင်သွားတော့ ညအိပ်ဝတ်စုံနဲ့စာထိုင်ဖတ်နေသော ဦးဟိန်း.....

"Boss..." ဝနခေါ်သံကြောင့် ဦးဟိန်းလှမ်းကြည့်လိုက်တော့ ဘေးတွင် မိမိအလွန်သတိရနေသော ကလေး.....
"ကလေး....ကလေးပါလာတယ်...." ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ပိုင်ရှေ့ကို ဦးဟိန်းပြေးလာကာ ပိုင်လက်လေးနှစ်ဖက်ကို အနူးအညံလေးကိုင်လိုက်ပြီး

"ကလေးရယ်...ဦးကိုတွေ့ဖို့ မှတ်လား...." အလိုက်သိလှသော ဝနက လှည့်ထွက်သွားတာ ဘယ်ချိန်ထဲကလဲမသိ....

မိမိလက်အား ညှင်ညှင်သာသာလေး အုပ်မိုးကာ ကိုင်ထားသော ဦးဟိန်း မျက်နှာလဲ အနည်းငယ်ချောင်သွားသလိုလို
"ဟုတ်...နေမကောင်းဘူးဆိုလို့ သတင်းလာမေးတာပါ..."

မိမိအား စိတ်ပူပြီး ခုလိုမေးတာကြောင့် ဦးဟိန်းမှာ အပျော်ကြီးပျော်သွားပြီး
"ပျော်လိုက်တာ ကလေးရာ.....ကလေးက ဦးကို...စိတ်ပူလို့လား...."
"ဟုတ်...ကိုယ့်အထက်လူကြီးတစ်ယောက် နေမကောင်းတာပဲ...... "

Believe (Complete)Where stories live. Discover now