Believe 30

4.1K 257 8
                                    

Zaw

"နေပါစေကြီးမြ....သားချလိုက်မယ်...."
ကြက်ပေါင်းရည်အိုးအား အသာအယာချကာ ကြွေပန်းကန်လုံးထဲသေချာထည့်လိုက်ပြီး
"သွားလိုက်ဦးမယ်နော်..."

"ကြီးမြလိုက်ပို့မယ်လေ..."
"နေပါစေရတယ် ကြီးမြ...." ဗန်းလေးကိုင်ကာ ပိုင်အပေါ်သို့ပြန်တတ်သွားလိုက်သည်။

အခန်းတံခါးအားဖွင့်ကာ အထဲကိုဝင်လိုက်တော့ ကုတင်ပေါ်တွင်လှဲနေသော ဦးဟိန်း....
"ဦးဟိန်း ခဏနေဆေးသောက်ရတော့မယ်။ ကြက်ပေါင်းသောက်လိုက်ဦးနော်...."

ပိုင့်ပြောစကားနားထောင်ပြီး ခွံ့ပေးသောကြက်ပေါင်းရည်အား ကုန်စင်အောင်သောက်ကာ ဆေးလဲသောက်ပြီး ဦးဟိန်းအိပ်သွားတော့မှ ပိုင်မိဘတွေဆီ phထက်ဆက်ရသည်။

"Hello မေမေ...နေကောင်းကြလား..."
📱ကောင်းတယ် သား...သားကော...📱
"ဟုတ်ကောင်းပါတယ်.... သားမေမေ့ကို ပြောစရာရှိလို့"
📱ပြောလေသား...📱

"မနက်ဖြန်သား...နယ်ဘက်ခဏသွားမလို့ ဦးဟိန်းကိုလဲ စိတ်လန်းစမ်းစေချင်လို့" ပိုင်ပြောတာကို မိခင်ဖြစ်သူ ဒေါ်ခင်ထား သတ်ပြင်းချလိုက်ကာ

📱သားစိတ်..သားသဘောလို့ မေမေတို့ပြောထားပင်မဲ့။ အနည်းဆုံးတော့ မေမေ့သားလေးကို ခုလိုခေါင်းစဉ်တပ်မရတဲ့ အခြေအနေကြီးနဲ့ မေမေမနေစေချင်တော့ဘူး....📱

မိဘတစ်ယောက်၏ ခုလိုခံစားချက်က မှန်ပါတယ်။ မိမိသားနဲ့တစ်ဖက်ကလူက အိမ်ထောင်ကျတာလဲမဟုတ်...မိမိတို့နဲ့ ဝေးနေတဲ့အပြင်....သူ့ရဲ့ဝေဒနာပါ မိမိ၏သားက ပေါင်းခံနေရတာမှတ်လား။ မပြောသော်လဲ ဘယ်သူကကြာကြာ ကြည်ဖြူပါ့မလဲ။

"ဟုတ်...မေမေပြောတာ သားသဘောပေါက်ပါတယ်။ ဒါပင်မဲ့ သား...သား...ဦးဟိန်းကိုချစ်နေပြီ...." ကုတင်ပေါ်တွင် အိပ်ဆက်နေသော ဦးဟိန်းအား ပိုင်ကြည့်လိုက်ကာ ပြောခြင်းဖြစ်သည်။

📱ခရီးသွားမယ်ဆိုလဲ ဂရုစိုက်နော်....ဖေဖေ့ကိုတော့ မေမေပဲပြောထားလိုက်မယ်📱
"ဟုတ်မေမေ...ပြီးတော့.... ကျေးဇူးပါ"

ကျလုဆဲဆဲမျက်ရည်အား ပိုင်အတင်းပြန်ရုတ်သိမ်းလိုက်ပြီး ပြောသော်လဲ မိခင်ဖြစ်သူကတော့...
📱မငိုနဲ့နော်..... သားစိတ်ချမ်းသာရင်ပြီးရော..... မေမေက မေမေတို့ သဘောထားကိုပဲ ပြောပြထားတာပါ📱

Believe (Complete)Where stories live. Discover now