Zaw
ဦးဟိန်းချက်ချင်းပြေးကြည့်လိုက်တော့ မှောင်ရိတ်တစ်နေရာလောက်မှာ ကလေးလက်အား ချုပ်ပြီး အတင်းနမ်းဖို့လုပ်နေသော အခြေအနေကြောင့် ဒေါသတွေက ရေဆူအမှတ်သို့....
"ဟာ.....ကျစ်...ခွေးမသား!!!!" မင်းသားမျက်နှာပေါ်သို့ လက်သီးချက်တွေ ရေတွက်မရအောင် ကျရောက်သွားသည်။ ပိုင်အတင်းဆွဲသော်လဲ အားသန်လှသော ဦးဟိန်းမှာ ထိုးမြဲ....
"တော်ပါတော့!!!!!!!!" ပိုင့်ရဲ့အသားကုန်အော်သံကြားမှ ဦးဟိန်းချက်ချင်းရပ်သွားပြီး
"ပိုင်....အဆင်ပြေလား ဘယ်နားထိသွားလို့လဲ ဦးကိုပြောနော်....ကလေးရယ်...." မျက်ရည်များနဲ့ပိုင့်အား ဦးဟိန်းရင်ခွင်ထဲဆွဲသွင်းလိုက်သည်။အနောက်တွင်မင်းသားကတော့ မျက်နှာကြီးဖူးရောင်ကာ မထနိုင်တော့ပေ။ အသံကြားတာကြောင့် ဝနချက်ချင်းရောက်လာပြီး
"Boss...တောင်းပန်ပါတယ် ကျွန်တော့်လိုအပ်ချက်ပါ..""ထားလိုက်တော့...အဲ့ကောင်ကို ဆေးရုံပို့လိုက် ပြီးတော့ ရိုက်ကွင်းကို အချိန်အကန့်အသတ်မရှိ ရွှေ့လိုက်...."
ဝနအား အမိန့်ပေးကာ ပိုင့်ကိုလဲ ရင်ခွင်ထဲကမထုတ်ပဲ ကားဆီသို့ခေါ်လာလိုက်သည်။Lover seat မှာပိုင့်ကိုထိုင်ခိုင်းပြီး ခါးပတ်သေချာပတ်ပေးကာ မောင်းသူနေရာမှာ ဦးဟိန်းထိုင်လိုက်ပြီး ကားမောင်းထွက်သွားလိုက်သည်။
ဦးဟိန်းခေါ်တဲ့အနောက် ပိုင်လဲတစ်ခွန်းမှ မမေးမိဘဲ လိုက်လာလိုက်သည်။ ရင်ထဲတွင်တော့ အမျိုးအမည်မသိတဲ့ ခံစားချက်ဖြင့်.....
ကားကိုအတော်ကြာမောင်းပြီးတော့ ခြံဝန်းကျယ်ကျယ်နဲ့ နှစ်ထပ်တိုက်ကြီးမှာလဲ ခမ်းနားစွာဆောက်ထားသော အိမ်အကြီးကြီးတစ်အိမ်။
ပိုင်အိမ်ကိုသေချာကြည့်လိုက်ပြီးမှ
"ဦးဟိန်း ကျွန်တော့်ကို ဘယ်ခေါ်လာတာလဲ..."
"ဦးအိမ်ကို..." စင်ဝင်အောက်မှာ ကားကိုရပ်ကာ ဦးဟိန်းကားပေါ်က ဆင်းသွားပြီး ပိုင့်ကို တံခါးလာဖွင့်ပေးသည်။"ရောက်ပြီ ဆင်းလေ..."
"မဆင်းဘူး ကျွန်တော့်အိမ်ပြန်ပို့ပေးပါ..."
"ဟက်...အဲ့အတွက်တော့ Sorryကွာ ပြန်ပို့ပေးဖို့ ခေါ်လာတာမဟုတ်ဘူး။"
YOU ARE READING
Believe (Complete)
RomanceZaw အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ???