Believe 9

4.7K 315 18
                                    

Zaw

ကျေးငှက်ကလေးတွေ မနက်ခင်း သီးကြူးလို့ တကျွီကျွီမြည်သံလေးက စိတ်ကိုတကယ်လန်းဆန်းစေသည်။
ပြတင်းပေါက်ဆီမှ နေရောင်ဖျဖျလေးက ကုတင်ပေါ်တွင်အိပ်ဆက်နေသော လူသားနှစ်ဦးထံ လိုက်ကာတွေကြားထဲက မရမက ထိုးထွက်နေသည်။

မျက်နှာပေါ်ကျရောက်လာသော နေရောင်လေးတွေကြောင့် မကြာမီပိုင်နိုးလာတော့သည်။ နိုးနိုးချင်း မိမိအပေါ်ကို အုပ်မိုးထားသောလက်ကြောင့် လန့်သွားပင်မဲ့ ညကကိစ္စကို ပြန်သတိရလာသည်။

ဦးဟိန်းစိတ်အခြေအနေကို ပိုင်တကယ်နားမလည်ပါ။ မိမိအား 'ကလေး' လို့တစ်ခါခေါ်လိုက်တိုင်း ပိုင်ကြက်သီးတွေထတတ်သည်။ ဒါပင်မဲ့ မေးရမှာ ခပ်ကြောက်ကြောက်ဖြစ်နေတာကြောင့် ရေငုပ်နှုတ်ပိတ်မတတ်နေနေရသည်။

"နိုးနေပြီလား ကလေး...." အနောက်က ဦးဟိန်းအသံကြောင့် ပိုင့်ကိုယ်လေးတောင် တုန်တတ်သွားသည်။ ဦးဟိန်း ပိုင့်ဆံပင်လေးတွေကို သပ်ပေးနေရင်း
"မနက်စာဘာစားမလဲ ဦး ကြီးမြကို ပြင်ခိုင်းလိုက်မယ်.."

"အာ...ရတယ် ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်"
"ဟုတ်လား...ဟုတ်ပါပြီဗျာ...ကဲ ရေသွားချိုးလိုက်ဦးမယ် ပြီးရင် ကလေးအတွက်ရေစပ်ပေးထားမယ်နော်..."

ဦးဟိန်းရေချိုးခန်းထဲ ဝင်သွားမှ ပိုင်ထထိုင်မိလိုက်သည်။ phဆက်ရမည်လေ ကျန်ခဲ့တဲ့အလုပ်ကလူတွေ ဘယ်လိုဆက် နှစ်ပါးသွားလဲမသိ။ အဓိကကမင်းသားပင် ဆေးရုံများရောက်သွားမလား ပိုင်သိသလောက်ကတော့ သူ့မျက်နှာလဲ စုတ်ပြတ်သွားသည်မှတ်လား။

"ရေစပ်ထားပြီးပြီ ချိုးတော့နော်...." ဦးဟိန်းရေချိုးခန်းထဲက ထွက်လာတာကို ပိုင်ထက်မကြည့်ရဲတော့ပေ။ ညက ဦးဟိန်းပုံစံမြင်ပြီးထဲက ရင်တုန်နေသည်မှတ်လား။

ပိုင်ရေချိုးခန်းထဲ ပြေးဝင်သွားတာကြည့်ပြီး ဦးဟိန်းပြုံးမိသည်။ ကလေးက မိမိကိုရှက်သွားတာမှတ်လား။

ပိုင်ရေချိုးခန်းထဲက ထွက်လာတော့ မိမိအတွက် အင်္ကျီအဆင့်သင့် စာရွက်တစ်ရွက်ရော ကုတင်ပေါ်တွင် တွေ့သည်။ စာရွက်ထဲတွင်....
"ကလေးအတွက် ထုတ်ထားတာ ဝတ်ပြီး ထမင်းစားခန်းထဲ လာခဲ့နော်"

Believe (Complete)Where stories live. Discover now