Believe 12

4.4K 290 12
                                    

Zaw

အစည်းအဝေးခန်းထဲမို့ အပြင်ကလူတွေမမြင်နိုင်တာကို စွမ်းက အခွင့်အရေးရသည့်အလား။
ပိုင်ပြောနေတာကို ဂရုမစိုက်ပဲ ပိုတိုး၍ နီးကပ်လာသည်........

'ချလောက်...'
.
.
"အ့...." အဖြစ်အပျက်တွေ မြန်ဆန်လွန်းတာကြောင့် ပိုင်မျက်လုံးတွေတောင် ပြာသွားသည်။ ခု စွမ်းက အနောက်ကို ပတ်လက်လန်လဲနေသည်။ တရားခံကတော့ ဦးဟိန်းပင်....

"မင်း ကလေးနားကို ဘာလို့ကပ်တာလဲ ဟမ်!!!!!" အသံလုံအခန်းကြောင့် ဦးဟိန်းအသံမှာ ပိုလို့ပင် ကျယ်လောင်သွားသည်။

"ဦးဟိန်း..." ပိုင့်ရှေ့ကနေ ဦးဟိန်း ပိတ်ရပ်လိုက်ပြီး
"မင်းက ဒီက ဝန်ထမ်းလား....."
"ခဏလေး.... ဦးဟိန်း....ကျွန်တော်ပြောတာ နားထောင်ပေးပါဦး သူက အလုပ်အပ်တဲ့သူပါ...."

ပိုင် ဦးဟိန်းကိုကျော်ပြီး စွမ်းကိုပြေးထူလိုက်သည်။
"ကျွန်တော်တောင်းပန်ပါတယ်.....ဒါက CEOပါ...."
ဦးဟိန်းတွန်းလိုက်တဲ့အား ပြင်းတာကြောင့် စွမ်းမှာ ပိုင့်လက်ကို အကူကိုင်ပြီးသာ ထနိုင်တော့သည်။

"ရိုင်းလိုက်တာ....ကိုယ့်ဆီလာပြီး အလုပ်အပ်တဲ့သူကို.."
ပိုင့်ကိုတစ်လှည့် စွမ်းကိုတစ်လှည့် နှစ်ယောက်သား ထိကိုင်ထားသော လက်ကိုတစ်လှည့်ကြည့်ရင်း ဦးဟိန်းစိတ်တွေဗျာများနေသည်။

"ကလေးလာ....ဦးဆီ...." ပိုင့်ကိုဆွဲကာ ဦးဟိန်းမိမိအနောက်သို့ ပို့လိုက်ပြီး...
"အလုပ်အပ်တဲ့သူကလဲ အနေအထိုင် ဆင်ခြင်လေ....အခြားရုံးကလူကို ခုလို လုပ်စရာလား!!"

"ကျွန်တော်က ဘာလုပ်နေလို့ ခင်ဗျားက ပြောရတာလဲ..."
"မင်း ကလေးနားနားကိုကပ်ပြီး တစ်ခုခုကြံနေတာ ငါမသိဘူးများထင်နေလား ဟမ်!!"

အပြန်အလှန် ပြောနေကြရင်း ထိုးတော့မလိုဖြစ်နေကြသော နှစ်ယောက်ကြောင့် ပိုင်လဲ လန့်လာတာနဲ့
"ခဏလေး!!! တော်ကြပါတော့ ဒီ့နေတော့ ကျွန်တော်တို့ ဒီလောက်ပါပဲ....နောက်ရက်ကျမှ ဆက်သွယ်လိုက်ပါ့မယ်....."

"အင်းပါ ပိုင်...ဒါဆို ငါပြန်ပြီ...." စွမ်းထွက်သွားတော့မှ ပိုင်သတ်ပြင်းချနိုင်သည်။ ဦးဟိန်းဆီမှလဲ အသက်ရှူသံပြင်းပြင်းကြားနေရသေးတာကြောင့် ဒေါသထွက်နေမှန်း ပိုင်သိသည်။

Believe (Complete)Where stories live. Discover now