Believe 37

3.5K 176 6
                                    

Zaw

"ရော့ Coffee ပူပူလေး" စိတ်ကောက်နေသူလေးက coffeeကြိုက်တတ်သူလေးမို့ ဝနမှာ coffeeပို့သမားအဖြစ် နေ့ချင်းပြန်တောင် ရောက်သွားသည်။

လှမ်းပေးသော coffeeခွက်လေးအား ခပ်စပ်စပ်လှမ်းယူပြီး
"ပြောပါဦး...အလုပ်အားရတဲ့ လိမ်စဉ်လေး"
"ဟီး...ညီကလဲ ကိုက ညီနဲ့မတွေ့ရ မနေနိုင်တာကို ပြီးတော့ စိတ်ကောက်ပြေနော်"

"မပြေပါဘူး ခင်ဗျားရုပ်ကိုက ပိုဒေါသဖြစ်တယ်"
"ညီရယ်...ခင်ဗျားအစား ဟိုတစ်ခါခေါ်သလို အစ်ကိုဝနဖြစ်ဖြစ်ခေါ်ပါလား" မိမိထက်ကြီးပင်မဲ့ အမြင်ကတ်ပုဒ်မနဲ့ ဝနအား ခင်ဗျားကြီးပဲ ခေါ်နေတာ ခုလိုပြောင်းခေါ်ဖို့ မိုးသစ်မရဲပေ။

"မခေါ်ဘူး!"
"ညီကလဲ....အင်းပါ...ညီ့သဘော...ဒါနဲ့ညနေ Bossတို့ကိစ္စအတွက် လိုက်မှာလား"
"အင်း လိုက်ရမှာပေါ့...ပိုင့်ကြောင့်နော်"
"ဟုတ်ပါပြီဗျာ...ချစ်တယ်နော် ညီ"

နှုတ်ခမ်းလေး ဆူကာ ပြောနေသော မိုးသစ်ကို ဝနအသည်းတယားယားနဲ့ ကြည့်နေတာ တော်တော်စိတ်ထိန်းနေရသည်။ ဒါတောင်သူက မရိတ်မိပဲ အသည်းယားအောင်လဲ ပြန်ပြောတတ်သေး....

"ခင်ဗျားကို အင့်..အားးး" ထက်ပြောမည့် ရန်တွေ့စကားအား ဝနမကြားချင်တာကြောင့် မိုးသစ်နှုတ်ခမ်းကိုနမ်းပြီး အဝေးဆုံးကို ပြေးထွက်လိုက်သည်။

ကျန်နေခဲ့သော မိုးသစ်မှာတော့....
"အီးးးး လူယုတ်မာကြီး ခင်ဗျားက အကျင့်ကို မကောင်းဘူး....လက်ရဲတယ်..." တရှူးရှူးနဲ့ ဒေါသတွေထွက်ကျန်ခဲ့သော မိုးသစ်မှာတော့ ခုနက ပြောမည့်စကားအား စက်ပြောလေရဲ့။

"ခင်ဗျားကို လဲ ချစ်တယ်လို့ ပြောမလို့ကို အသားကိုယူလွန်းလို့ အမြင်ကို ကတ်တယ်"
_______________

နောက်အပါတ်ထဲ မင်္ဂလာပွဲရှိတာကြောင့် ဦးဟိန်းဇေထက် ကော ပိုင်ဇင်ထွန်း ကော မင်္ဂလာဝတ်စုံအတွက်ကြိုပြင်ရပေတော့သည်။

"D ကလေးကို အပ်တယ်နော်...."
"အေးပါဟယ်..... ရောင်းမစားပါဘူး...တကယ်ထဲမှပဲ သဲနေတာ" D ပိုင့်အားခေါ်ကာ ကိုယ်တိုင်းယူဖို့ ထွက်သွားသည်။

"အစ်ကိုD.."
"ဗျ" ခေါ်ပြီး ပြောဖို့ အရှိန်ယူနေသော ပိုင့်ကြောင့် Dလဲ
"ပြောပါ ပိုင်ရယ်...."

Believe (Complete)Where stories live. Discover now