Believe 36

3.5K 202 8
                                    

Zaw

တနင်္ဂနွနေ့ ရုံးပိတ်ရက်လဲ ဖြစ်တာကြောင့် မိုးသစ် ဝနခေါ်ရာသို့ လိုက်လာလိုက်သည်။

ကားလေးက တဖြည်းဖြည်း မြို့စွန်ဘက်ကိုရောက်လာပြီး နေရာကျယ်ကျယ် ဝန်းတစ်ခုသို့ ဝင်သွားကာ ရပ်လိုက်လေသည်။

Lover seatခုံပေါ်တွင် အိပ်လျက် လိုက်ပါလာသော မိုးသစ်အား ဝနကြည့်ကာပြုံးမိလိုက်သည်။
"ညီ...ညီ...ထတော့နော်..ရောက်ပြီ..."

မိုးသစ်လဲ မျက်လုံးကိုပွတ်ကာ သန်းလိုက်ပြီး ကားအောက်သို့ ဆင်းလိုက်ရသည်။ ထိုသန်းနေသော အရှိန်တောင် ကားအောက်သို့ရောက်သွားတော့ ချက်ချင်းရပ်သွားသည်။

ခုမိမိတို့ ရောက်နေသည်က အမိုးနီသုဿာန်

"ဟင်...." ပါးစပ်လေး အဟောင်းသားနှင့် မိုးသစ်ကို ဝနလက်ကလေးဆွဲကာ မြေပုံရှိရာဆီသို့....

အမျိုးသမီးတစ်ဦး၏ မြေပုံရှေ့တွင်ရပ်လိုက်ပြီး လက်ထဲက ပန်းစည်းလေးအား ထိုမြေပုံတင်ကာ....
"မေမေ...သားရောက်လာပြီ...."

မျက်အိမ်ထဲက မျက်ရည်များဖြင့် ပြည့်နေသော ဝနကြောင့် မိုးသစ်လဲ စိတ်မကောင်းဖြစ်သွားကာ
"အစ်ကိုဝန...စိတ်မကောင်း မဖြစ်ပါနဲ့..."
ဝန ပုခုံးလေးကိုကိုင်ကာ မိုးသစ်ဖြေသိမ့်ပေးမိသည်။

တစ်ခါမှမခေါ်ဘူးသော အခေါ်အဝေါ်ကြောင့် ဝနတကယ်ကိုပျော်သွားကာ မျက်ရည်တွေကြားထဲက ပြုံးမိပြန်သည်။

"မေမေ....ဒါ...သားရဲ့....." တကယ်ဆို ဝန ချစ်သူလို့ မိတ်ဆက်ပေးချင်ပါတယ်....ဒါပင်မဲ့......
"ချစ်သူပါ..."

ဝနထက်ပြီး အံ့သြသွားရပြန်သည်။ မိမိချစ်ရသူ ညီက မိမိ၏မိခင်ရှေ့မှာ ကိုယ့်ကိုယ်ကို ချစ်သူလို့ မိတ်ဆက်ပေးတယ်တဲ့လား။

"ဟင်...ညီ..."
"အန်တီက ကောင်းရာမွန်ရာမှာ ရှိနေမှာပါ"
"ညီကဘယ်လိုသိ..."
"ကြည့်လေ အန်တီဓာတ်ပုံမှာ အန်တီက ပြုံးနေတာပဲ..စိတ်ထားဖြူစင်လောက်တယ် အန်တီမျက်နှာလေးက ကြည်နေတာပဲ"

မိမိ၏ မိခင်ဓာတ်ပုံကိုကြည့်ကာ ချီးမွမ်းခန်းဖွင့်နေသော မိုးသစ်ကြောင့် အလိုလို ပြုံးမိသွားသေး။

Believe (Complete)Where stories live. Discover now