Believe 16

4.1K 279 16
                                    

Zaw

မနေ့ညက ကိစ္စကြောင့် ပိုင်အတော်စိတ်ညစ်နေမိသည်။ ရုံးသွားချင်စိတ်တောင် မရှိတော့တာကြောင့် ရုံးကိုလဲ ခွင့်ယူလိုက်သည်။ ရုံးပျက်လေ့မရှိသော မိမိကြောင့် မိဘတွေကပါ အံ့သြနေကြသေးသည်။

အစာကိုလဲ မိမိအခန်းထဲက မုန့်တွေပဲ ပိုင်ထိုင်စားနေလိုက်သည်။ အခန်းပြင်လဲ မထွက်ချင်.....
"သားရေ ဧည့်သည်ရောက်နေတယ် ဆင်းတွေ့ဦး..."
"ဟုတ်ကဲ့ မေမေ...."

ပိုင် တွေးထားတာကတော့ မတွေ့ချင်သောသူ မဖြစ်ပါစေနဲ့....ပိုင်အောက်ထပ်ကို ဆင်းကြည့်လိုက်တော့ ဧည့်ခန်းထဲတွင် ထိုင်နေသော ဦးဟိန်း....
"ဦးဟိန်း..."

"သြော်...ကလေး..အာ..ပိုင်..." ​ဒေါ်ခင်ထားရှေ့မှာမို့ ဦးဟိန်းမှာ အခေါ်အဝေါ်ကို အမြန်ပြောင်းပစ်ရသည်။
"စကားပြောနှင့်ကြနော်...မေမေ အိမ်ရှေ့အိမ်ကို လူနာသတင်းမေးသွားရမှာမို့ အေးဆေးထိုင်နေကြနော်..."

"ဟုတ်ကဲ့ အန်တီ..." မေမေ့အား ရိုသေနေသောဦးဟိန်းကြောင့် ပိုင့်မှာ အံ့သြမဆုံး....
*ဟေ့ကောင်ကြီးရေ သေချာဆက်ဆံနော် တော်ရမဲ့ယောက္ခမကို*စိတ်ထဲတွင်သာ ပြောနေသော ဦးဟိန်း

ဒေါ်ခင်ထားအိမ်အပြင်ရောက်မှာ ပိုင်လဲ ဦဟိန်းအား စ၍ဧည့်ခံတော့သည်။
"ဘာလာလုပ်တာလဲ..."
"ကလေးက ရုံးမလာတော့ ဦးက စိတ်ပူတာပေါ့ နေမကောင်းဘူးလား မှန်းစမ်း..."

ပိုင့်နှာဖူးအား လာစမ်းသောကြောင့် ပိုင်တုန်သွားသည်။
"ကောင်းတယ် ဒီအတိုင်း ပင်ပန်းလို့ နားချင်တာပါ..."
"ဟုတ်လား မသိပါဘူးကွာ ဦးက ကလေး နေမကောင်းဘူးထင်လို့...ဒါနဲ့ မုန့်တွေဝယ်လာတယ် ကြိုက်တယ်မှတ်လား...."

"အများကြီးပဲ ကျွန်တော် လက်မခံပါရစေနဲ့...." မုန့်ထုပ်ကို ဦးဟိန်းဘက် ပြန်တိုးပေးလိုက်တော့ ဟိုကလဲ ပြန်တိုးပေးကာ...
"အရင်ဖွင့်ကြည့်သင့်တယ် မထင်ဘူးလား.."

ပြောင်စပ်စပ်ဖြစ်နေသော ဦးဟိန်းမျက်နှာကြောင့် ပိုင့်မှာ ကျောမလုံချင်သလိုလို။ မုန့်ထုတ်တွေကို ဖွင့်ကြည့်လိုက်တော့ အားလုံးက စတော်ဘယ်ရီ တွေနဲ့ လုပ်ထားတဲ့ မုန့်တွေကြီးပဲ....

Believe (Complete)Where stories live. Discover now