3 || Uni

6.4K 597 19
                                    

"အဆင်မပြေဘူး Mommy ... Mommy ဘယ်ရောက်နေတာလဲ ?"

ကုဋေကုဋာတစ်ယောက် ဖခင်နှင့်လည်းစကားမပြောချင်ဘဲ တစ်ယောက်တည်းသာကုတင်ပေါ်၌လှဲနေလိုက်သည် ။
ဖခင်၏ကားလေး ခြံထဲသို့ဝင်လာသံကိုလည်းကြားနေရသည် ။ သို့သော် ကုတင်ပေါ်၌ ဆက်သာလှဲနေမိသည် ။
ဖခင်လာတိုင်း ကြိုဆိုနေကြဖြစ်သော်လည်း ယနေ့တွင်မူ ဘယ်ကမှန်းမသိရောက်လာတဲ့ သူစိမ်းမိန်းမတစ်ယောက်ကြောင့် သားအဖနှစ်ယောက်စကားအချေအတင်ဖြစ်ခဲ့ရပြီမဟုတ်ပါလား ။

လက်ထဲရှိနေသော လက်ကိုင်ပုဝါအဖြူလေးကို ကြည့်လျက်စဥ်းစားနေမိသည် ။

"မင်းကငါ့မိထွေးဖြစ်လာမှာလား ကျော့နှင်းဆီ ?"

ထိုစဥ် အခန်းတံခါးခေါက်သံကြား၍ ဝင်လာခဲ့ရန်ပြောလိုက်မိသည် ။

"သမီးကုဋေကုဋာ သူဌေးကအောက်ထပ်ခဏဆင်းခဲ့ပါဦးတဲ့"

"ကျွန်တော်ပင်ပန်းနေတယ်လို့ပြောပေးပါ အမေသိန်း"

"ကုဋေကုဋာထက်မြက်"

ရုတ်တရက် အခန်းဝမှအသံဟိန်းဟိန်းနှင့်အော်လာသော ဖခင်အသံကြောင့် ကုဋေကုဋာတစ်ယောက် ကုတင်ထက်၌လှဲနေရာမှထထိုင်လိုက်သည် ။

"ဒေါ်သိန်း သွားလို့ရပြီ၊ အခါတိုင်းလိုထမင်းဝိုင်းပြင်ထားလိုက်ပါ"

ဦးကုဋေမြတ်သူပြောလိုက်၍ ဒေါ်သိန်းတစ်ယောက်ကတော့ အခန်းဝမှာထွက်သွားပြီဖြစ်သည် ။

"ဒီနေ့ဘယ်သူလွန်သလဲဆိုတာ သမီးသိလား?"

ရုတ်တရက်မေးလာသော မေးခွန်းကြောင့် ကုဋေကုဋာ ဟက်ခနဲတစ်ချင်ရယ်မိသည် ။

"သေချာတာကတော့ Daddy အမြင်မှာ ကျွန်တော့်အမှားက 100% ပဲပေါ့"

"တကယ်မဟုတ်လို့လား ?"

ဖခင်၏ပြန်လည်ချေပလာသောစကားကြောင့် ကုဋေကုဋာတစ်ယောက် ဖခင်ဘက်လှည့်လာကာ ဖခင်အားသေချာစိုက်ကြည့်လိုက်သည် ။

"ဒါဆို Daddy ကိုကျွန်တော်ပြောမယ်၊ အဲ့ကလေးမလေးက ဟိုအမတ်လောင်းရဲ့သမီးလေ၊ အဲ့ဒီအမတ်လောင်းကငယ်ငယ်ရွယ်ရွယ်ကောင်မလေးတစ်ယောက်နဲ့ပလူးပလဲနေနေတာဆိုတဲ့စကားတွေကို ကျွန်တော်လျစ်လျူရှုနိုင်မယ်လို့ Daddy ထင်နေလား ? ပြီးတော့ Daddy ကကျွန်တော့်ကို ပိုက်ဆံတွေနဲ့ပဲအဖော်ထားပေးနေတာ၊ ဘယ်မှာလဲ ကျွန်တော့်အတွက်မေတ္တာ ? ဂရုစိုက်မှု ? ကျွန်တော်ခံစားရတာတွေကိုရော Daddy နားလည်ခဲ့ရဲ့လား ? အဆိုးဆုံးကတော့ Daddy ရဲ့ဒီ​နေ့လုပ်ရပ်၊ ဘာမဟုတ်တဲ့မိန်းမတစ်ယောက်အတွက် ကိုယ့်သမီးရဲ့ပါးကိုချခဲ့တာ ... ငယ်ငယ်ကတည်းက ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်နေခဲ့ရတဲ့ ကုဋေကုဋာထက်မြက်ရဲ့ဘဝက ရာဇဝင်ရိုင်းခဲ့ပြီ Daddy ရဲ့၊ ကျွန်တော့်နေရာကနေစာနာကြည့်ပေးဦး ..."

ကုဋေကုဋာထက်မြက်၏ခံစားချက်များ ပွင့်အံလာသည်ကို ဦးကုဋေမြတ်သူတစ်ယောက်ခံစားလိုက်ရသည် ။

"သမီးကို Daddy လက်ပါမိတာ Daddy ရဲ့အလွန်ဆိုတာကိုသိတယ်၊ ဒါပေမဲ့ သမီးလည်းစကားပြောလွန်ခဲ့တာပဲ၊ နှင်းဆီက ..."

"တော်ပါတော့ Daddy ရယ် ... သိပ်ချစ်နေရင်လည်း ယူလိုက်ကြပါ၊ မငဲ့နေနဲ့ ငဲ့စရာမလိုဘူး ...
ဖေးမမှု၊ မေတ္တာတရား၊ ကြင်နာမှု၊ ဂရုစိုက်မှု ဘာမှမရခဲ့တာ ဝဋ်ကြွေးလို့ပဲမှတ်လိုက်ပါမယ် ... ဘာမှထပ်မပြောပါနဲ့တော့၊ ကျွန်တော်ပင်ပန်းနေပြီမို့နားတော့မယ်"

ကုဋေကုဋာထက်မြက်တစ်ယောက် ကုတင်ပေါ်သို့ အသာလှဲချကာ ဖခင်၏ထပ်မံပြောမည့်စကားများကိုဖြတ်ပြောမိပြီး အဆုံးသတ်လိုက်မိသည် ။ ဦးကုဋေမြတ်သူလည်း စိတ်မကောင်းနေသောမျက်နှာအနေအထားနှင့်သာ အခန်းထဲမှထွက်ပေးခဲ့တော့သည် ။

"ကျော့နှင်းဆီ ... မင်းကငါ့အတွက်တော့ အဆိပ်ပန်းတစ်ပွင့်ပဲ"

°ကုဋေကုဋာထက်နှင်းဆီ°

တစ်ခုသောတိုက်ခန်းငယ်တစ်ခု၏အရှေ့မျက်နှာစာ၀ရံတာတွင်တော့ မိန်းမလှလေးတစ်ဦးမတ်တပ်ရပ်နေသည်ကိုတွေ့ရမည်ဖြစ်သည် ။
လှပသည့်အရိပ်အယောင်နဲ့အတူ ယုံကြည်မှုအပြည့်ရှိသော မျက်နှာထားလှလှကသူမ၏အလှကိုပိုမိုပံ့ပိုးပေးထားလေသည် ။

"ပေါပေါပဲပဲရတဲ့အပျက်မ ? အရင်ကလည်း အခေါ်ခံဖူးတာပဲ၊ အဲ့ဒီအတတ်လေးပြောမှ ငါဘာလို့နာတတ်သွားတာလဲ ? ကုဋေကုဋာထက်မြက် ... မင်းကချစ်စရာလေးပဲ"

တွေးပြီးပြုံးနေသော လှပသေသပ်သည့်နှုတ်ခမ်းတစ်စုံ ။ မျက်လုံးတောက်တောက်ကလေးများက လှပသောကောင်းကင်ယံထက်မှ လမင်းကြီးအားမော့ကြည့်နေလေသည် ။

"တို့လည်း ဒီဘဝဘယ်ရောက်ချင်ပါ့မလဲ ? အကျိုးရှိလို့ အကြောင်းဆိုတာဖြစ်တည်လာတာလေ ... မင်းကငယ်ပါသေးတယ် အတတ်လေးရယ်၊ လောကကြီးအကြောင်းကို မင်းကနားမလည်သေးဘူး"

လက်ထဲမှစီးကရက်လိပ်ကလေးကို တစ်ချက်ဖွာလိုက်ကာ ပြောလိုက်မိသည့်စကားတစ်ခွန်း ။

"သေချာတာတစ်ခုကတော့ တို့ကမင်းအပေါ်လည်းလွှမ်းမိုးနိုင်မှာ၊ မယုံမရှိနဲ့ အတတ်လေး"

ထိုညတွင် ပြုံး၍လမင်းကြီးအားငေးကြည့်နေသူတစ်ယောက်ရှိသလို၊ လက်ကိုင်ပုဝါအဖြူလေးအား ရင်ခွင်ထဲထားကာအိပ်ပျော်နေသောတစ်စုံတစ်ယောက်ကလည်းရှိနေသေးသည် ။
အိပ်မက်တွေကလှပနိုင်မလား ?
ဘယ်သူသိနိုင်မလဲလေ ?

°ကုဋေကုဋာထက်နှင်းဆီ°

{ 210130 }
သာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ ။ 🕊️

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now