15 || Uni

5.1K 447 11
                                    




ပန်းပွင့်ငယ်ရဲ့ ရှိုက်သံက
ဒီလူရဲ့ရင်ခွင်ထဲထိပါ လာစင်လေသလား ... ?

: ကုဋေကုဋာထက်နှင်းဆီ :

ကုဋာတစ်ယောက် စီးကရက်လိပ်များဖွာနေသည်မှာ ငါးလိပ်ခန့်မျှရှိခဲ့ပြီဖြစ်သည် ။
စီးကရက်တိုများမှာ ပါကေးကြမ်းပြင်ထက်ဝယ်ပြန့်ကျဲနေကာ လူသည်လည်းအားမရှိသလိုပင်ဖြစ်နေသည် ။

ထို့ကြောင့် ရေမိုးချိုးသန့်စင်မည်ဟုဆုံးဖြတ်လိုက်ကာ ရေချိုးခန်းထဲဝင်ခဲ့တော့သည် ။
နာရီဝက်အကြာမှာတော့ ရေမိုးချိုးပြီးကာ ရေချိုးခန်းထဲမှထွက်လာခဲ့တော့သည် ။

ကုဋာတစ်ယောက် တိုင်ကပ်နာရီအားတစ်ချက်ကြည့်မိသွားသည် ။ အချိန်အားဖြင့် ည ၇:၃၀ ခန့်ရှိနေပြီဖြစ်သည် ။ ပေါ့ပေါ့ပါးပါး hoodie တစ်ထည်နှင့် ဂျင်း pant တစ်ထည်ကောက်ဝတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့တော့သည် ။

: ကုဋေကုဋာထက်နှင်းဆီ :

ထမင်းစားခန်းထဲတွင်တော့ ဦးကုဋေမြတ်သူနဲ့ ကျော့နှင်းဆီတို့ထိုင်နေသည် ။

ကုဋေကုဋာထက်မြက် ထမင်းစာခန်းထဲဝင်လာသည်ကို ဦးကုဋေမြတ်သူမြင်တော့ ပြုံးပြလိုက်လေသည် ။

"ကုဋာ ... သမီး နေသာရဲ့လား ? ဒဏ်ရာတွေရလာတယ်ဆို ၊ ဂရုစိုက်မှပေါ့ သမီးရယ် ။"

"ကျွန်တော်အဆင်ပြေပါတယ် Daddy စိတ်မပူပါနဲ့ ။"

ထို့နောက် ထမင်းစားပွဲ၌ဝင်ထိုင်ကာ ကျော့နှင်းဆီဘက်သို့ လှည့်ကြည့်လိုက်သည် ။
ကျော့နှင်းဆီမှာတော့ လှမြဲလှနေကာ အကြည့်များသည်တော့ တခြားစီမယ် ဖြစ်နေသည် ။

"ဆရာ ... ဖုန်းလာနေတယ်ရှင့် ။"

ဒေါ်သိန်း၏သတိပေးသံကြောင့် ထမင်းစားနေရင်းနှင့်ပင် ဦးကုဋေမြတ်သူတစ်ယောက်ဇွန်းချကာ ဧည့်ခန်းထဲသို့ထွက်သွားတော့သည် ။

ထိုအခါမှ ကုဋေကုဋာထက်မြက်တစ်ယောက် ကျော့နှင်းဆီဘက်သို့ မျက်နှာမူလိုက်သည် ။

"အစ်မ ... ကျွန်တော်တောင်းပန်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် တောင်းပန်ချင်လို့ပါ ။ ဒီတိုင်း အစ်မကို ပျော်ပဲပျော်စေချင်တော့တယ် ။"

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now