12 || Uni

5.4K 480 10
                                    



မေတ္တာတရားဟာ စီးဆင်းနေတယ်
ဝဲဘက်ရင်အုံက သက်သေပဲတဲ့
ဒီလိုနဲ့ပဲ ... ဘဝထဲကို နှင်းဆီစူးကစိုက်ခဲ့တော့တာပဲ

ကုဋေကုဋာထက်နှင်းဆီ

တရုတ်စံကားပင်ကြီး၏အောက်တွင် ၁၄ နှစ်အရွယ်မိန်းမလှလေးတစ်ယောက်ထိုင်နေပါသည် ။

အစွယ်လေးတွေပေါ်လာသည်အထိပြုံးနေကာ စံကားပန်းပွင့်လေးတစ်ပွင့်အားပန်ဆင်ထားသောသူ(မ)သည် စံမြတ်ထိပ်တင်အိမ်တော်ကြီး၏ အစေခံတစ်ယောက်သာဖြစ်တော့သည် ။

"စံကားပွင့်လေးတွေက အထီးကျန်နေတယ်ထင်တယ်၊ နှင်းဆီလည်းပဲအထီးကျန်နေတယ် ။"

"ကျော့နှင်းဆီ ... ဘယ်မလဲ ? ကျော့နှင်းဆီ ?"

ဒေါသံစွက်စွာအော်ခေါ်နေသော အသံစွာစွာကြောင့် ကျော့နှင်းဆီတစ်ယောက် တရုတ်စံကားပင်ကြီးနားမှ ကြောက်လန့်တကြားပြေးထွက်လာတော့သည် ။

"မမ ... ဘာခိုင်းစရာရှိလို့လဲဟင် ?"

ကျော့နှင်းဆီ၏အမေးကြောင့် သူ(မ)၏ အရှေ့ရှိ အော်ခေါ်နေသော၊ ဝံ့ကြွားဟန်ဖြင့်လှပနေသော၊ အသက် ၂၀ ခန့်ရှိမည်ဖြစ်သော အိမ်တော်၏အလှသွေးကြွယ်မမလေး ချစ်သက်မြတ်ထူးက မဲ့ပြုံးဖြင့်ဆီးကြိုနေတော့သည် ။

"စံကားပင်ကိုတော်တော်သဘောကျနေတာလား ?"

"မဟုတ် ... မဟုတ်ပါဘူး၊ နှင်းဆီက ... နှင်းဆီက "

"တိတ်စမ်း ။"

မာထန်ပြတ်သားလှတဲ့ အသံစူးစူးဟာ နားထဲရိုက်ခတ်လာပြီးနောက်တွင် ကျော့နှင်းဆီတစ်ယောက်ဒူးတွေပင်တုန်လာတော့သည် ။

"အဲ့ထက် စိတ်ဝင်စားစရာကောင်းတာကိုပြရမလား ?"

"ဟင့်အင်း ... မမလေး ။ နှင်းဆီတောင်းပန်ပါတယ်နော် ... နှင်းဆီတကယ်တောင်းပန်ပါတယ် ။"

ထို့နောက်တွင်တော့ အဆွဲခေါ်ခံသွားရခြင်းနှင့်အတူ ရရှိလာသောနှိပ်စက်မှုများ ။

ကုဋေကုဋာထက်နှင်းဆီ

"မလုပ်ပါနဲ့ ။ မလုပ်ကြပါနဲ့ ။"

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now