6 || Uni

5.9K 538 13
                                    

မိုးရေထဲပြေးလွှားနေရသဖြင့် ခြေထောက်များမှာသွေးခြေဥနေပြီဖြစ်သည် ။
အသက် ( ၁၅ ) နှစ်အရွယ် မိန်းမလှလေးတစ်ယောက်၏ ​အသက်ရှူသံပြင်းပြင်းဖြင့်ပြေးလွှာနေရခြင်းနှင့်အတူ တဝေါဝေါရွာနေသော မိုးဒေဝါ ။

ထိုမိန်းမလှလေးမှာ သစ်ပင်ကြီးတစ်ပင်အကွယ်တွင် ဝင်ရောက်ပုန်းကွယ်နေလိုက်သည် ။

"ဘယ်ရောက်သွားတာလဲ ... ဒီခွေးမအပြေးသန်ချက်ပဲ ။ "

ထွားကျိုင်းဟန်ရှိတဲ့လူသုံးယောက်၏ အော်ဟစ်ညည်းတွားသံ ။

"ဟာကွာ ... ဆရာသိရင်ပြဿနာတက်မှာကွ ။"

"ထားလိုက်တော့ကွာ ... ရှာမရတဲ့အဆုံးတော့ လွှတ်ပေးလိုက်ပါတော့ ... ကောင်မလေးကအခုမှနုနုထွတ်ထွတ်လေး ... ငါ့မှာလည်း သမီးမိန်းကလေးရှိတော့ ကိုယ်ချင်းစာတယ် ။"

ထို့နောက်မှာတော့ ထွက်ခါသွားတဲ့လူသုံးယောက်နှင့်အတူ ရွာနေသောမိုးသည်လည်း တဖြည်းဖြည်းဆဲလာခဲ့သည် ။
သစ်ပင်အကွယ်မှ မိန်းမငယ်လေးမှာလည်း ထိုအခါမှသာ အသက်ရှူချောင်ပြီး အပြင်သို့ထွက်လာခဲ့တော့သည် ။

"ဘာလို့အဲ့ဒီလူတွေဆီရောင်းစားခဲ့တာလဲဟင် ?"

ထိုစကားကိုဆိုပြီးနောက်မှာတော့ မေ့မြောသွားတဲ့ခန္ဓာကိုယ်နဲ့အတူ အိမ်မက်မှနိုးထလာသော ကျော့နှင်းဆီ ... ။
ဘေးနားအသင့်တင်ထားသော ဖန်ခွက်ထဲကရေကိုလက်တုန်တုန်နှင့်ယူသောက်ကာ စိတ်ကိုမနည်းဖြေလျှော့နေရသည် ။

"ဟင့်အင်း ... ကျော့နှင်းဆီ ... အားတင်းထားရမယ် တို့အားတင်းထားမှ ... ဒီအမှောင်ထုကြီးထဲကလွတ်မြောက်မှာလေ ။"

မျက်ရည်စက်နှင့်ချွေးစက်များက လှပသောမျက်နှာထက်ဝယ်နေရာယူထားကြလေသည် ။

ပုလဲမျက်ရည်တို့ခနေသော်ငြား အလှမပျက်သောမျက်နှာမျိုးကို ဆုတောင်းကောင်း၍ပိုင်ဆိုင်ခဲ့ပေသည်လား ... ?

° ကုဋေကုဋာထက်နှင်းဆီ °

Pratical Room ထဲမှထွက်လာ၍ ကုဋာမှာလွန်စွာမှပင်ပန်းနေပြီဖြစ်သည် ။

"အမှတ်အများဆုံးက ဘယ်သူရတာလဲ ?"

"ကုဋေကုဋာထက်မြက်တဲ့ ။"

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now