8 || Uni

5.8K 508 9
                                    

တချို့အရေးမပါတဲ့အရာတွေအတွက်
ကိုယ့်ကိုယ်ကိုယ်ပေးစပ်ခဲ့ရတာဟာ
မတန်ခဲ့ဘူး ... ။

° ကုဋေကုဋာထက်နှင်းဆီ °

"Mommy ... မသွားပါနဲ့ ။"

လက်ထဲတွက်ကစားစရာဘိုမရုပ်ကလေးအားကိုင်ကာ မိခင်၏လက်အားဆွဲနေသော ကောင်မလေးငယ်ငယ် ။

"ကုဋာ ... သမီးကို Mommy ပြောမယ် ။ သမီးပျော့ညံ့နေလို့မရဘူး ... Mommy ထွက်သွားရင်သမီးအတွက်သမီးပဲရှိလိမ့်မယ် ။ သမီးရဲ့ Daddy ကလည်း အချိန်ပြည့်သမီးအတွက်ရှိနေမှာမဟုတ်ဘူး ။ လက်ထဲကဘိုမရုပ်ကိုချလိုက်ပါ ... သမီးလုံးဝပျော့ညံ့လို့မရဘူး ... ဒီနေ့ကစလို့ စိတ်ဓာတ်မာမာနေထိုင်ပါ ။ Mommy ထွက်သွားရတာလည်း ဘယ်သူ့ပယောဂမှမပါပါဘူး ။ သမီးကို Mommy အရမ်းချစ်တယ်နော် ကုဋာ ... ။"

ထိုစကားတွေကိုသာဆိုလာပါသော မိခင်အားကြည့်ကာ ကုဋေကုဋာထက်မြက်တစ်ယောက်နားမလည်နိုင်ခဲ့ ။ ၁၀ နှစ်အရွယ်ကလေးတစ်ယောက်ဟာ သူ့အရွယ်မှာ မိခင်ရင်ခွင်ထဲ၌သာရှိနေသင့်သည်မဟုတ်ပါလား ... ။

"Mommy ... မီးမီးကိုမထားခဲ့ပါနဲ့ ။"

ထိုစကားကိုအထပ်ထပ်ပြောဆိုကာနေခဲ့သော်လည်း မိခင်ဖြစ်သူကတော့ ကုဋေကုဋာထက်မြက်အားကျောခိုင်းသွားလေတော့သည် ။

ရင်ခွင်ပိုက်အရွယ်ကလေးတစ်ယောက်၏ မိခင်အားလွမ်းဆွတ်မှုသည် တစ်စနှင့်တစ်စတိုးပွားလာခဲ့သည် ။
သို့ရာတွင်မူ မိခင်ကတော့ပြန်မရောက်လာခဲ့ပါ ။

မာထန်ပြတ်သားရဲရင့်သော ကောင်မလေးသည် ဤသို့သောဒဏ်များကိုခံခဲ့ရလေသည် ။

တခြားသောကလေးတွေပျော်နေချိန် ကုဋေကုဋာထက်မြက်တစ်ယောက်ကတော့ ငိုင်နေသည်ကများခဲ့သည် ။ အချိန်မပေးနိုင်သော ဖခင်ကြောင့်လည်း ဘဝကိုစိတ်နာလာလေသည် ။

ဤသို့ဖြင့် မာနခဲလေးသာဖြစ်လာခဲ့ပါတော့၏။

° ကုဋေကုဋာထက်နှင်းဆီ °

အတွေးများဟာ လူကိုပင်ပန်းစေသည် ။
ဖြတ်ကျော်လာသည့်နေ့ရက်များတွင် ကုဋာ့အတွက်ပူလောင်မှုတွေသာများခဲ့သည် ။

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now