18 || Uni

5.2K 452 3
                                    





အရာရာဟာ
တွယ်တာစရာ
မြတ်နိုးစရာ
ပွေ့ဖက်ချင်စရာ
ညှာတံရိုးငယ်နှင်းဆီနီနီအတွက်
ရေးစပ်ထားခဲ့တဲ့ စာသားတွေဟာ
ကုဋေကုဋာထက်နှင်းဆီပဲဖြစ်တယ် ...

: ကုဋေကုဋာထက်နှင်းဆီ :

စစ်လျှမ်းမှာ ချက်ချင်းပင် ကုဋေကုဋာထက်မြက်ဆီ သတင်းမေးရန်ရောက်လာတော့သည် ။

ကုဋေကုဋာထက်မြက်မှာ ပြန်လည်အိပ်ပျော်သွားပြီဖြစ်ကာ ကျော့နှင်းဆီမှာတော့ ဦးကုဋေမြတ်သူ၏နံဘေး၌ မတ်တပ်ကလေးရပ်နေသည် ။
ဇာအဝါရောင်သားအင်္ကျီလေးကို ပိုးထဘီအဝါလေးနှင့် တွဲဖက်ဝတ်ဆင်ထားသော ကျော့နှင်းဆီမှာ ကျော့မော့ကာလှပနေသည် ၊ သို့သော် ... ဇာအဝါပါးင်္အကျီလေးထက်တွင် သွေးများပေစွန်းနေလေသည် ။

ကုဋေကုဋာထက်မြက်၏လက်ဖဝါးနုနုကလေးအား ပေါင်ထက်၌တင်ကာသုတ်ပေးထားသောကြောင့် အင်္ကျီအားစွန်းသွားဟန်ရှိသည် ။

ထိုစဉ် စစ်လျှမ်းဝင်လာသောကြောင့် ဦးကုဋေမြတ်သူမှာ စစ်လျှမ်းအားကြိုဆိုလိုက်တော့သည် ။

"သား ... လာကွာ ။"

"ကုဋာ ဘယ်လိုဖြစ်တာလဲ အန်ကယ် ?"

စစ်လျှမ်း၏အမေးကြောင့် ဦးကုဋေမြတ်သူမှာ မျက်နှာတစ်ချက်ပျက်သွားလေသည် ။

"အန်ကယ်လည်း သားကိုအဲ့ဒါမေးချင်နေတာ ၊ သားရဲ့သူငယ်ချင်းက ဘိန်းတွေသုံးထားတယ် သား ။"

"ဗျာ ?"

ဦးကုဋေမြတ်သူ၏စကားကြောင့် စစ်လျှမ်းမှာအံ့ဩသွားရလေသည် ။

"ဘယ်လိုဖြစ်လို့လဲဗျာ ? စာမေးပွဲရက်ကလည်း သိပ်မလိုတော့တာကို ။"

"အန်ကယ်လည်း မသိတော့ပါဘူးသားရယ် ။"

ဦးကုဋေမြတ်သူနှင့်စစ်လျှမ်းတို့ပြောနေသောစကားများအား ကျော့နှင်းဆီမှာကြားသွားကာ စိျ်မကောင်းဟန်ရှိနေပါသည် ။

ဂရုဏာသက်သည်
ထိခိုက်တာမြင်ရရင် ရင်နာသည်
သံယောဇဉ်ရှိသည်
ကုဋေကုဋာထက်နှင်းဆီ ...

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now