13 || Uni

5.8K 509 16
                                    






စီးကရက်လိပ်တွေကတော့ ပြန့်ကျဲနေခဲ့ပြီ
နာကျင်မှုတွေကို ကုစားနိုင်ဖို့အတွက်တဲ့
သတ်မှတ်မှုတွေကို မကျော်လွန်နိုင်ခဲ့တဲ့အခါ
ဒဏ်ရာတွေဟာ သေရာပါလိုပါပဲ

ကုဋေကုဋာထက်နှင်းဆီ

ကုဋေကုဋာထက်မြက်တစ်ယောက် ဒုတိယနှစ်အတွက် Second Semester စာမေးပွဲဖြေဆိုရန်ရက်ပင်နီးလာခဲ့လေပြီ ။

ယခုရက်ပိုင်းတွင်တော့ စာထဲလည်းစိတ်မပါကာ ဂီတာတစ်လက်ဖြင့်သာအလုပ်ရှုပ်နေတော့သည် ။
စီးကရက်လိပ်တွေကတော့ အဖော်အဖြစ် ပြန့်ကျဲလျက်ရှိနေလေသည် ။

တီ ... တီ ... တီ

ဖုန်းဝင်လာသောအသံကြောင့် ကုဋာတစ်ယောက် ကိုင်ထားသော ဂီတာကိုဘေးသို့ချကာ ဖုန်းအားကောက်ကိုင်လိုက်တော့သည် ။

"ကိုစစ် ... ပြော ။"

နာမည်ကြည့်စရာမလိုလောက်အောင် ဖုန်း Contact ထဲတွင် သူ(မ)၏ဖခင်နှင့် စစ်လျှမ်းတို့၏ဖုန်းနံပါတ်သာလျှင် ရှိခဲ့သည်မဟုတ်ပါလား ။

" အင်း ... ငါလိုက်မယ် ။"

"..."

"ဟင့်အင်း ... ငါပါပြိုင်မယ် ။"

ထို့နောက် ဖုန်းအားကုတင်ပေါ်ပစ်တင်ကာ Hoodie အနက်တစ်ထည် နှင့် ဂျင်း pant အားကောက်စွပ်ကာ အောက်ထပ်သို့ဆင်းလာခဲ့တော့သည် ။

"အဲ့ဒီကိစ္စကြောင့်တာဝန်ယူခဲ့ရတာ နှင်းဆီလည်းသိမှာပေါ့ ။ တကယ်တော့ အစ်ကို မင်းအပေါ်ဘာစိတ်မှမရှိတာ မင်းလည်းသိမှာပါ ။"

လှေကားအဆင်း၊ နံရံအကွယ်မှကြားနေရသောစကားများ ။
ကုဋာတစ်ယောက်ချောင်းကြည့်မိတော့ သူ(မ)၏ ဖခင်နှင့် သူ(မ)၏ အဆိပ်ပန်းကလေး ကျော့နှင်းဆီတို့ကထိုင်စကားပြောနေကြသည်ကို တွေ့လိုက်ရသည် ။

ကျော့နှင်းဆီသည် အဝါရောင်နှင်းဆီပန်းကလေးအား ကေသာထက်ပန်ဆင်ထားကာ နှုတ်ခမ်းဖူးဖူးလေးပေါ်တွင်တော့ ထုံးစံအတိုင်း နှုတ်ခမ်းဆိုးဆေးရဲရဲလေးကနေရာယူထားလေသည် ။

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now