Final || Uni

8.8K 499 28
                                    






ဘယ်လိုအကြောင်းတရားက
ဝေးကွာစေခဲ့သလဲ ?

ပြေးလေ
လိုက်လေ ဘဝမှာ
သာယာနေခဲ့ပြီပဲ ...

မချစ်ချင်တော့ဘူးလို့
တင်းခံပြီး ပြောခဲ့ပေမဲ့
မစွန့်လွှတ်နိုင်ခဲ့တဲ့သူကသာ
ရူးခဲ့ရတယ် ...

: ကုဋေကုဋာထက်နှင်းဆီ :

ကုဋေကုဋာထက်မြက်မှာ အခန်းထဲမှအပြင်သို့ မထွက်ဘဲရှိနေလေသည် ။ အိပ်ဆေးအရှိန်ကြောင့် အိပ်နေရသည့်အချိန်ကသာများနေသည် ။

စိတ်ရှုပ်မှုများကြောင့် စီးကရက်လိပ်တစ်လိပ်ကိုဖွာရန် ကြံလိုက်မှာစဉ် သူ(မ)၏အခန်းထဲသို့တစ်စုံတစ်ယောက်ဝင်လာသည်ကို တွေ့လိုက်ရသည် ။
ခေါင်းကိုဖြည်းညှင်းစွာလှည့်ကြည့်မိသည့်အခါမှာတော့ သူ(မ)လွန်စွာမှမြတ်နိုးရသည့် ညှာတံရိုးငယ်နှင်းဆီနီနီလေးဖြစ်နေသည်ကိုတွေ့လိုက်ရသည် ။

"အတတ်ကလေး ... နေလို့ကောင်းသွားပြီလား ?"

ကျော့နှင်းဆီ၏အမေးအား ကုဋေကုဋာထက်မြက်တစ်ယောက် ခေါင်းသာညိတ်ပြလိုက်တော့သည် ။

"နေမြန်မြန်ကောင်းအောင်နေနော် ၊ စီးကရက်တွေမသောက်ပါနဲ့ ... အဲ့ဒါက ကျန်းမာရေးကိုပိုဆိုးစေတယ် ။"

ထို့နောက်မှာတော့ ကုဋေကုဋာထက်မြက်၏နားသယ်စပ်နားလေးအား သူ(မ)၏နှုတ်ခမ်းသားနုနုလေးနှင့် ဖိကပ်လိုက်လေသည် ။

"ဂရုစိုက်ပါ ... အမြဲတမ်းအတွက်ပေါ့ ။"

ပြောပြီးနောက်ထွက်ခွါသွားသော ကျော့နှင်းဆီ၏ကျောပြင်ငယ်အား ကုဋေကုဋာထက်မြက်သေချာစွာကြည့်ကာဖြင့် ပြေးဖက်မိလိုက်သည် ။

"ကျွန်တော် ... ကျွန်တော့်ခံစားချက်တွေကို အစ်မသိနေပြီမဟုတ်လားဟင် ? အစ်မ ... သိသွားမှာ ကျွန်တော်စိုးရိမ်ခဲ့ရသလို ... တစ်ဖက်ကကြည့်ရင်လည်း ကျွန်တော့်ခံစားချက်တွေကို အစ်မသိခဲ့လို့ ပျော်ရပါတယ် ၊ ပြန်မချစ်ရင်နေပါ ... မမုန်းတော့မမုန်းပါနဲ့ ၊ ပြီးတော့ ... ကျွန်တော့်နားကလည်း ထွက်မသွားပါနဲ့ ၊ ကျွန်တော့်မှာလေ ငယ်ငယ်ကတည်းက တွယ်တာစရာလူမရှိခဲ့တာမို့ ၊ အစ်မက ... ကျွန်တော့်ရဲ့တွယ်တာရာလေးလုပ်ပေးပါလားဗျာ ။"

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now