16 || Uni

5.3K 469 18
                                    



ပန်းဘုရင်မဟာ
ပိုးကောင်ငယ်ငယ်လေးကို
ကယ်တင်နိုင်ပါ့လား
အပြုံးတွေဟာ
ပိုးကောင်ငယ်လေးအတွက်
ထာဝရသည်သာတဲ့

: ကုဋေကုဋာထက်နှင်းဆီ :

ကုဋေကုဋာထက်မြက် အိမ်သို့ပြန်လာသည့်အချိန်တွင် ည ၁၂ ကျော်နေပြီဖြစ်သည် ။
လူကယိုင်တိုင်တိုင်ဖြစ်နေကာ ကားစတီယာတိုင်အားကိုင်ထားသည့် လက်များသည်လည်း တုန်ရီနေလေသည် ။

"ငါ ... ငါ ဘာတွေလုပ်လိုက်မိတာလဲ ?"

လက်ဖဝါးနှစ်ဖက်အားကြည့်ကာ မျက်လုံးတွေမှာဂနာမငြိမ်ဖြစ်နေလေသည် ။
ထို့နောက် ကားပေါ်မှဖြည့်ညှင်းစွာဆင်းကာ အိမ်ထဲသို့ဝင်ခဲ့လိုက်လေသည် ။

ဧည့်ခန်းနားအရောက်တွင် ဦးကုဋေမြတ်သူနှင့်ဆုံတော့သည် ။

"ကုဋေကုဋာထက်မြက် ! ဘယ်အချိန်ရှိပြီလဲ ? ဟမ် ... ဒါမိန်းကလေးတစ်ယောက် အိမ်ပြန်ရမဲ့အချိန်လား ?"

"Daddy နဲ့ဆိုင်လို့လား ? ရှေ့ကဖယ်ပြီး ကျွန်တော့်ကိုအပေါ်တက်ခွင့်ပေးပါတော့ ။"

ကုဋာတစ်ယောက် စိတ်များဆတ်နေကာ မည်သည်ကိုမှအလိုမကျဖြစ်နေလေသည် ။

"ဘာပြောတယ် ? ဘာပြောလိုက်တယ် ?"

ဦးကုဋေမြတ်သူမှာ ကုဋာ့၏စကားကြောင့် ဒေါသထွက်သွားသည် ။

"ဆူချင်လည်း မနက်ဖြန်မှသာ အဝဆူ ၊ လောလောဆယ် ကျွန်တော်တကယ်ပင်ပန်းနေလို့ပါ ။ အေးဆေးနေခွင့်ပေးကြပါတော့ !"

ကုဋေကုဋာထက်မြက်၏အော်သံကြောင့် အောက်ထပ်အခန်းထဲရှိဒေါ်သိန်းနှင့် အပေါ်ထပ်ရှိကျော့နှင်းဆီပါ နိုးလာကာ အလောတကြီးနှင့် ဧည့်ခန်းရှိရာသို့ ပြေးလာကြတော့သည် ။

"သမီးငယ် ၊ ဘာဖြစ်ရတာလဲကွယ် ။"

"ကျွန်တော် နားချင်လို့ပါ အမေသိန်း ၊ ကျွန်တော်ဘာမှမဖြစ်ဘူး ။"

ကျော့နှင်းဆီတစ်ယောက် သတိထားမိနေသည်က ကုဋာတစ်ယောက်မျက်လုံးများ ဂနာမငြိမ်ဖြစ်နေသည်ကိုပင် ။

"ဆရာရယ် ၊ ကလေးက ပင်ပန်းနေပုံပဲ ၊ ပေးနားလိုက်ပါ ။"

ဒေါ်သိန်း၏စကားကြောင့် ဦးကုဋေမြတ်သူလည်း တောက်တစ်ချက်ခေါက်ကာ ထွက်သွားတော့သည် ။

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now