4 || Uni

6.3K 588 26
                                    

ကျောင်းမှပြုလုပ်ပေးသော အမျိုးသမီးဘောလုံးအသင်း၌ ကုဋေကုဋာထက်မြက်တစ်ယောက်လည်းအပါအဝင်ဖြစ်သည် ။
Semester တစ်ဖြတ်ပြီးတိုင်း တစ်ခေါက်ကျင်းပသော ဘောလုံးပွဲတွင်ကုဋေကုဋာတို့လည်း ဝင်ပြိုင်ရမည်ဖြစ်သည် ။
ကုဋေကုဋာတစ်ယောက် Training ဆင်းခဲ့စဥ်တစ်လျှောက်တွင် အသင်းထဲမှတစ်စုံတစ်ယောက်နှင့်မှ စကားမပြောဖြစ်ခဲ့ပါ ။

"အမတ်လောင်းရဲ့သမီးမို့ မာန်တက်နေတာလား ? Teamwork ဆိုတာမျိုးလည်း သူ့မှာမရှိဘူး၊ အဲ့ဒါနဲ့များဘာလို့အသင်းလာဝင်နေလဲမသိပါဘူးဟယ်"

"အဲ့ဒါမပြောနဲ့ဦး၊ တက်လာတဲ့ပညာသင်နှစ် နှစ်နှစ်လုံးမှာရော သူဘယ်သူနဲ့ပေါင်းတာတွေ့ဖူးလို့လဲ ? အလကား လူမှုရေးမသိတတ်တာပါဟယ်"

အမျိုးမျိုးပြောဆိုနေကြသော်လည်း ကုဋေကုဋာကတော့ အရယ်အပြုံးမရှိမျက်နှာသေဖြင့်သာ လေ့ကျင့်ရေးကွင်းထဲတွင်ထိုင်ချလိုက်လေသည်။
နား၌တပ်ဆင်ထားသော Air-pod မှထွက်ပေါ်နေသော ဇော်ပိုင်၏ပြည့်စုံလွန်းသီချင်းမှာ ကုဋေကုဋာထက်မြက်၏ရင်အစုံကိုအေးချမ်းစေသည် ။ လက်၌ပတ်ဆင်ထားသော လက်ကိုင်ပုဝါအဖြူလေးအားကြည့်မိလျက် အတွေးထဲတွင် ကျော့နှင်းဆီကိုမြင်ယောင်လာခဲ့သည် ။

🎵 မေ ... အမှောင်ထဲကငွေကြယ်များထက် မင်းမျက်ဝန်းများလင်းပါလား ...

မေ ... စံပယ်ပွင့်ထက်ဖြူစင်လွန်းတဲ့ အသားလေးဝင်းနေတယ် ...

အနီ ... အနီသွေးလား အနီရောင်နှုတ်ခမ်းလေး သိပ်ကိုလှပါလား ...

အပြုံး ... မေ့အပြုံးများ အပြာရောင်စမ်းချောင်းလေးထက်အေးချမ်းပါလား ... 🎵

ကြားနေရသော Air-pod မှဇော်ပိုင်၏အသံနှင့်အတူ သီချင်းကိုလိုက်ညည်းမိနေသော ကုဋေကုဋာထက်မြက်ပါပင် ။
ထိုသို့ ညည်းနေစဥ်အတွေးထဲတွင်ပေါ်နေသော သူကတစ်စုံတစ်ဦးတည်းသာ ဖြစ်နေသည် ။
လက်ကိုင်ပုဝါအဖြူလေးအား လက်မှဖြုတ်ကာ ကောင်းကင်ထက်သို့မြှောက်ကာ သေချာကြည့်နေမိသည် ။

"မင်းကိုမုန်းနေရမှာလေ၊ ငါ့အမေနေရာကိုလုယူမဲ့မင်းကို ငါကမုန်းနေရမှာ ... အထူးသဖြင့် မင်းကငါ့ကိုခနဲ့ထားတဲ့အတွက် ငါကမုန်းနေရမှာ၊ ဒါပေမဲ့ မင်းကိုငါမမုန်းနိုင်ဘူးဖြစ်နေတယ် ...
မင်းကဘယ်လိုအမျိုးသမီးလဲ ?"

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now