10 || Uni

5.9K 521 16
                                    

မိုးဟာလွမ်းဆွတ်စေတယ် ...
ခံစားချက်များကို ရှုပ်ထွေးစေတယ် ...
နှလုံးသားငယ်ငယ်လေးကတော့
ရူးပြီထင်ပါရဲ့ ။

° ကုဋေကုဋာထက်နှင်းဆီ °

မိုးစက်ကလေးများက အပင်လေးများထံတွင်တွဲလဲခိုနေသည် ။
ကုဋာတစ်ယောက် အိမ်ထဲသို့ဝင်ဝင်ခြင်း ဖခင်၏ခေါ်သံအားကြားလိုက်သည် ။

ထို့ကြောင့် ဖခင်ရှိရာဧည့်ခန်းထဲသို့ဝင်လိုက်သည်။

"မိုးတွေရွှဲလို့ပါလား ... ထီးမပါသွားဘူးလား ကုဋာ ။"

ဖခင်၏မေးသံတွင် စိုးရိမ်နေသည်ကအထင်းသားပင် ။

"မပါသွားဘူး Daddy ... မိုးမိလာလို့ ကျွန်တော်နားချင်ပြီ ။ နောက်လေးရက်နေရင် ကျောင်းမှာမေဂျာပေါင်းစုံဘောလုံးပွဲရှိတယ် ။ မေဂျာရဲ့အမျိုးသမီးအသင်းမှာ ကျွန်တော်ပါတာမို့ Daddy လာခဲ့ပေးပါ ။"

ထိုသို့ပြောပြီးသာ ဧည့်ခန်းထဲမှထွက်ခဲ့တော့သည် ။ တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ခြေစုံရပ်ပြီးနောက်လှည့်ကာ စကားတစ်ခွန်းကိုထပ်မံဆိုလိုက်သည် ။

"ဪ ... ဒါနဲ့ Daddy အားမှလာပါ ။"

ဘယ်တုန်းကငါ့ဘက်ရှိခဲ့ပေးဖူးလို့လဲ ... ?

ဦးကုဋေမြတ်သူလည်း ကုဋေကုဋာထက်မြက်အားကြည့်ကာ စိတ်မကောင်းပေ ။
တတ်နိုင်သည့်ဘက်ကနေ ကုဋာ့အားပံ့ပိုးပေးသော်လည်း တာဝန်မကျေသလိုခံစားနေရသည် ။

ဒါဟာ သူကိုယ်တိုင်ရဲ့ အပြစ်တွေသည်လား ... ?

° ကုဋေကုဋာထက်နှင်းဆီ °

မိုးမိလာသည်ကတစ်ကြောင်း၊ စိတ်မကြည်သည်ကတစ်ကြောင်းနှင့် ကုဋာတစ်ယောက် မှန်တင်ခုံရှေ့တွင်အားပြတ်စွာထိုင်ချမိလိုက်သည် ။

ဂုတ်ထောက်နေသောဆံပင်များမှာရေဒဏ်ကြောင့် ဟိုတစ်ချောင်းဒီတစ်ချောင်းဖြစ်နေသည့်တိုင် ဖြူဥနေသောမျက်နှာလေးမှာတော့မပြောင်းမလဲတည်ရှိနေပါသည် ။

ငိုထားမိသောကြောင့် အနည်းငယ်ဖောင်းအစ်နေသောမျက်လုံးများနှင့် နီရဲနေသောမျက်ခမ်းစပ်မှာတော့ ယနေ့အဖို့တွင်မတောက်ပြောင်နိုင်တော့ ။

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now