Chapter 23 : နီးကပ်လွန်းနေသည့် နှစ်ဦးသားကြား နေရာလွတ်ပင် ရှိမနေ

1.1K 182 14
                                    

Chapter 23 : နီးကပ်လွန်းနေသည့် နှစ်ဦးသားကြား နေရာလွတ်ပင် ရှိမနေ

< Zawgyi >

ကုယွမ်ကျွယ် သည် မုချန် ၏ ခါးပတ်ကို ဖြုတ်ပေးရန် လက်လှမ်းလိုက်၏။ သူသည် မုချန် ၏ ခါးကို မမီနိုင်လေရာ ခြေဖျားထောက်လိုက်ရလေသည်။

ဒီခန္ဓာကိုယ်က ရှစ်စွမ်း ကို အဝတ်ချွတ်ပေးဖို့အတွက်တောင် ခြေဖျားထောက်နေရတယ်။

နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်ပြီးနောက် ကုယွမ်ကျွယ် သည် ပထမဆုံးအကြိမ်အဖြစ် သူ၏ သေးငယ်လှသည့် ခန္ဓာကိုယ်အပေါ် အမြင်မကြည် ဖြစ်သွားရချေသည်။ အရာအားလုံးအပေါ် ထိန်းချုပ်နိုင်သည့်အပေါ် ကျင့်သားရနေလေသည့် သူတစ်ယောက်အနေဖြင့် ထိုသို့သော စွမ်းအားမဲ့နေရသည့် ခံစားချက်မှာ သည်းမခံနိုင်စရာပင် ဖြစ်လေ၏။ သူသည် ထိုကိစ္စကြောင့် စိတ်မရှည်ဖြစ်လာကာ အဝတ်ချွတ်ပေးရမည့်အစား မုချန် ၏ အဝတ်များကို ဆွဲဖြဲပစ်လုနီးပါးပင် ဖြစ်သည်အထိ သူ၏ အရှိန်ကိုမြှင့်လိုက်လေသည်။

ကုယွမ်ကျွယ် ၏ လုပ်ရပ်ကို တွေ့လိုက်ရသောအခါတွင် မုချန် သည် သူစ'နေသည်မှာ အနည်းငယ်လွန်သွားပြီလားဟု တွေးမိလိုက်၏။ သူ၏တပည့်သည် အသက်ငယ်သေးသော်ငြား စကားနားထောင်ပြီး ဝတ္တရားသိတတ်နေပြီဖြစ်လေရာ ထိုသို့စနောက်မိလိုက်သည့်အတွက် မုချန် သည် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။

မုချန် သည် ကုယွမ်ကျွယ် ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ထိုကလေး၏ ဝန်ဆောင်မှုကို ရပ်တန့်စေလိုက်လေသည်။ ထို့နောက် မုချန် သည် ရုတ်တရက် အတွေးတစ်ချက်ပေါက်သွားကာ စကားတစ်ချက်မပြောပဲ သူ၏ ဝတ်ရုံကို ချွတ်လိုက်ပြီးနောက် အဖြူရောင် အတွင်းဝတ် ဘောင်းဘီတစ်စုံကိုသာ ချန်ထားလိုက်ချေ၏။ ကုယွမ်ကျွယ် သည် တစ်ဖက်သို့ မျက်စိလွှဲလိုက်သင့်သည်ဟု ခံစားလိုက်ရကာ သူ၏ ရှစ်ဇွမ်းဖြစ်သူသည် ဘဝသက်တမ်းနှစ်ခုစလုံးတွင် သူ့အား ရိုးသားစွာ ဆက်ဆံပေးခဲ့ပုံကို ပြန်တွေးမိလိုက်လေသည်။ ကုယွမ်ကျွယ် သည် ထိုသူ့အား လေးစားကာ ရိုးသားသည့် နှလုံးသားဖြင့် ကာကွယ်ပေးလိုပေ၏။ သူသည် ယခုကဲ့သို့ ကလေးခန္ဓာကိုယ်ကို အသုံးချကာ တစ်ဖက်လူအား လှည့်စားနေမိသည့်အတွက် မလုံမလဲဖြစ်မိချေသည်။ ထို့အပြင် တစ်ဖက်သူ၏ ကိုယ်တစ်ပိုင်း အဝတ်မပါသည့် ခန္ဓာကိုယ်အား ကြည့်သည်က မယဉ်ကျေးဟု ခံစားလိုက်ရ၏။

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now