Chapter 3:မင်းအိပ်ယာထဲမှာပေါက်ချတုန်းပဲလား

3.3K 570 16
                                    

<Zawgyi>

(T/N: ကုယွမ်ကျွယ် လို့ ရေးလိုက်ပါပြီ။😆 ရှင်း လည်း ဘယ်လိုအသံထွက်ရမလဲ သိပ်မသေချာလို့။ ပြောပြပေးတာကို ကျေးဇူးတင်ပါတယ်😍 Kerisan795🙆🙆 )

(T/N:ပြီးတော့ ကြားထဲမှာပုံတွေစာတွေနဲ့ ဆိုရင်ရှုပ်နေမှာစိုးလို့ အောက်မှာပဲ တစ်စုထဲထားလိုက်ပါတယ်နော်😁)

မုချန် ၏ နေရာ ဖြစ်သည့် ယင်းယန် နန်းဆောင်သည် မင့်မြတ်တိမ်လွှာ ဂိုဏ်း ၏ မြောက်ပိုင်းတွင်တည်ရှိလေသည်။ ထို နန်းဆောင်တည်ရှိသည့် တောင်ထွတ်သည် ကျန်တောင်ထွတ် ငါးခုအနက် ချီစွမ်းအင်အကြွယ်ဝဆုံးနေရာလည်း ဖြစ်ပေသည်။ ယင်းယန် တောင်ထွတ်သည် ဖြောင့်မတ်မြင့်မားလှ၍ တိမ်စိုင်များထဲသို့ပင် ဖောက်ထွက်သွားတော့မယောင် ခံစားရစေကာ တောင်ထိပ်ဖျားကမူ တစ်စုံတစ်ဦးက ဓားနှင့်ပိုင်းထားသကဲ့သို့ တိတိရိရိ ရှိနေပြီး ထိုနေရာတွင်မှ ဟင်္သာပြဒါးရောင်တောက်နေသည့် ယင်းယန် နန်းဆောင် တည်ရှိလေသည်။ အကယ်၍ အဝေးမှသာ ကြည့်မည်ဆိုပါက ထိုအဆောက်အအုံ၏ ဘေးပတ်လည်တွင် မြူနှင့်တိမ်များ ရစ်ဆိုင်းနေသည်ကို မြင်ရမည်ဖြစ်ကာ အလွန်ခံ့ညားထည်ဝါလှသည့် မြင်ကွင်းကို ဖြစ်ပေါ်စေနေပေသည်။ ပို၍ အနီးကပ် ကြည့်လိုက်လျှင်မူ အသေးစိတ်ဆန်ကာ လက်ရာမြောက်လှသည့် တည်ဆောက်ပုံကို ရှင်းရှင်းလင်းလင်း မြင်ရပေလိမ့်မည်။

မုချန် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည် နှင့်တပြိုင်နက် လေထဲတွင် ဆေးနံ့သင်းသင်းလေးပါ တစ်ပါတည်း ပျံ့လွင့်လာလေသည်။ ပတ်ဝန်းကျင်ရှိ လေထုထဲတွင်မူ ချီစွမ်းအင်များ သိပ်သည်းများပြားလှလေရာ မည်သည့်ကျင့်ကြံမှုမျှ မလုပ်လျှင်ပင် အလိုလို စွမ်းအားတိုးတက်လာနိုင်ပေသည်။ မုချန် ၏ အဆောင် ရှေ့တည့်တည့်တွင် ကြီးမားလှသည့် ရွှေအိုရောင် ဝါးရုံတောကြီးရှိနေသည့်ပြင် ထိုဝါးပင်များသည် လေတိုက်လိုက်တိုင်း ယိမ်းနွဲ့နေလေရာ နေပြောက်များသည် မြေပြင်ပေါ်တွင် ဟိုတစ်ကွက်ဒီတစ်ကွက် လင်းနေပြီး တောအုပ်တစ်ခုလုံး ရွှေရောင်လင်းနေပေသည်။ ထို ဝါးရုံတော၏ အောက်ခြေတွင် အခြားသောလောကများတွင် ရှားပါးလှသည့် ဝိညာဉ်ဆေးပင်များမှာ အလေ့ကျပေါက်နေလေသည်။

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now