Chapter 11 : မင်း ရှိနေတာက ငါ့အတွက် လုံလောက်တယ်။

1.9K 417 15
                                    


<Zawgyi>

Chapter 11 : မင်းရှိနေတာက ငါ့အတွက် လုံလောက်တယ်

ကုယွမ်ကျွယ် သည် ယွဲ့မင်ကျဲ့ ကို ရုတ်တရက် လှမ်းပြောလိုက်၏။

"ဆရာတူအကို ဂိုဏ်းချုပ်က မသွားပါနဲ့ဦး။ ခုနတုန်းက ဆရာတူအကိုပြောတာ ဒီကိစ္စကို ဆရာ့ကို ပြောဖို့ အစီအစဉ်မရှိခဲ့ဘူးလို့ ကြားလိုက်သလိုပဲ။ ဘယ်သူကများ ဆရာတူအကိုရဲ့ စိတ်ကို ပြောင်းသွားအောင် လုပ်လိုက်တာပါလိမ့် ? "

ယွဲ့မင်ကျဲ့ သည် ကုယွမ်ကျွယ် ၏ မျက်လုံးများကို စိုက်ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားရသည်။ သူသည် ထိုမျက်လုံးများထဲမှ သဲလွန်စ တစ်စုံတစ်ရာကို တွေ့လိုတွေ့ငြား ကြည့်လိုက်သော်လည်း သနားစရာကောင်းစွာပင် ထို တောက်ပသည့် မျက်လုံးများတွင် ကလေးဆန်သည့် စပ်စုလိုစိတ်လေးမှ တစ်ပါး အေးစက်မှု နှင့် မိစ္ဆာဓာတ်များကို ရှာမတွေ့ချေ။ သူသည် ခပ်ရေးရေးပြုံးလိုက်ကာ ညင်ညင်သာသာနှင့် ပြန်ဖြေလိုက်၏။

" အဲ့ဒါက အကိုကျန်း ကြောင့်ပါ။ သူက ဆရာဦးလေးမု ရဲ့ ဆရာတူအကိုတော်ပြီး သူတို့နှစ်ယောက်က ဆရာတစ်ယောက်ထဲရဲ့ လက်အောက်မှာ ပညာသင်ခဲ့ကြတာလေ။ "

ထိုစကားကို ကြားရသောအခါ မုချန် သည် နှာတစ်ချက်ရှုံ့လိုက်ရင်း ယွဲ့မင်ကျဲ့ ကို မျက်ခုံးတစ်ချက်ပင့်ကာ ကြည့်လိုက်ပေသည်။ မုချန် သည် ယွဲ့မင်ကျဲ့ ကို ရိုက်နှက်ကာ ဆုံးမလိုက်ပါက သူ၏ သူရဲဘောကြောင်သည့် စိတ်များ ပျောက်သွားလိမ့်မလားဟု တွေးလိုက်မိသည်။

ယွဲ့မင်ကျဲ့ သည် တစ်ခုခုဆီမှ ပုံမှန်မဟုတ်သည့် အငွေ့အသက်များရနေသလို ကျောချမ်းသွားကာ ချက်ချင်းပင် ထပြေးလေတော့သည်။

တစ်ဖန် ယွဲ့မင်ကျဲ့ သည် သူ၏ အဆောင်သို့ ပြန်ရောက်သည့်အခါ ခေါင်းစားရသည့် နောက်ထပ်ပြဿနာတစ်ခု ပေါ်လာပေသည်။

သူ ဝမ်ကျန့် ဂိုဏ်းကို ဘယ်လိုစာပြန်ရေးပေးရပါ့မလဲ ?

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now