Chapter 17 : ကျွန်တော် အနားမှာ အမြဲတမ်းရှိနေပါတယ်။

1.6K 359 6
                                    

<Zawgyi>

Chapter 17 : ကျွန်တော် အနားမှာ အမြဲတမ်းရှိနေပါတယ်။

ကြက်သွေးနီရောင်တိမ်တိုက် ဓားအား မုချန် ၏ လက်ထဲသို့ လွှဲပြောင်းပေးခဲ့သည့် အချိန်ကဆိုလျှင် မသေမျိုးလောကတစ်ခုလုံး တုန်လှုပ်သွားခဲ့ကြရသည်။ ထိုသူတွေအကုန်လုံးမှာ အဂ္ဂိရတ်ဆရာတစ်ဦးအား ယင်းကဲ့သို့ မှော်လက်နက် ပေးခြင်းသည် တကယ့်ကို အသုံးမကျသည့်ကိစ္စကြီးဖြစ်သည်ဟု တွေးကြလေသည်။ ၎င်းမှာ မှော်လက်နက်၏ အဆင့်အတန်းကိုသာ လျော့ကျသွားစေပေလိမ့်မည်ဟု တွေးခဲ့ကြ၏။ ကျီချင်းယွမ် သည်လည်း ထိုသတင်းများကို ကြားခဲ့ဖူးပေသည်။ ထိုအချိန်ကမူ မုချန် မှာ ထိုဓား၏ စွမ်းအား အစစ်အမှန်ကို အသေအချာ ထုတ်သုံးနိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြချေ။ သို့သော်လည်း လက်တွေ့တွင်မူ ထင်ထားသည်နှင့် အနည်းငယ် ကွာခြားနေပေ၏။ မုချန် ၏ ဓားရေးများမှာ လျှင်မြန်ဖျတ်လတ်သလို လှုပ်ရှားမှုတိုင်းမှာလည်း တိကျလှသည်။ မုချန် နှင့် တိုက်ရိုက်ရင်ဆိုင်ဖူးသည့် သူများမှသာ ထိုသို့သော ကြမ်းတမ်းခက်ထန်မှုများကို ခံစားနိုင်ပေသည်။

ကျီချင်းယွမ် သည် မုချန် နှင့် ယုထျန်းယီ အကြားရှိ 'ဆက်ဆံရေး' ကို ရုတ်တရက်တွေးမိလိုက်သည်။ သူသည် တိတ်တဆိတ် ထိတ်လန့်သွားရ၏။

ယုထျန်းယီ ကိုယ်တိုင် သူ့အကြောင်းကို ဖော်ထုတ်စစ်ဆေးချင်လို့ တမင်တကာလုပ်နေတာများလား ?

သူသည် ရင်ထဲမှ လူသတ်လိုသည့် စိတ်ဆန္ဒများကို ကြိုးစားထိန်းချုပ်ကာ ခပ်မြန်မြန်စကားဖြတ်ပြောလိုက်၏။

" ကျွန်တော့်အနေနဲ့ ဝမ်ကျန့် ဂိုဏ်းကနေပြီး အကြီးအကဲမု ကို ဘယ်လိုစော်ကားမိသွားသလဲဆိုတာကို မသိရပါလားခင်ဗျာ။ ဒါမှမဟုတ် ဒါက မင့်မြတ်တိမ်လွှာ ဂိုဏ်းရဲ့ ဧည့်သည်တွေကို ကြိုဆိုတဲ့ ပုံစံများလား ?"

မုချန် သည် ချက်ချင်းပင် ပြန်ပြောလိုက်၏။

" ငါအခုရိုက်နေတာက မင်းတစ်ယောက်တည်းကိုပဲ ! ဒါက ဂိုဏ်းတွေနဲ့ ဘာများပတ်သတ်နေလို့လဲ ? ဒီကိုလာပြီး ဆက်တိုက်စမ်းပါ ! "

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now