Chapter 7 : မလိမ္မာရင် တင်ပါးကိုရိုက်ပြီး ဆုံးမမယ်

2.3K 488 8
                                    

<Zawgyi>

ကုယွမ်ကျွယ် သည် မုချန် ၏ လက်ကို ဆွဲထားကာ " ရှစ်ဇွမ်း၊ ဒီနေရာမှာတပ်တာက သိပ်မသင့်တော်ဘူးလို့ မထင်မိဘူးလား ? "

မုချန် သည် အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့် ခေါင်းတစ်ချက်စောင်းကာ မေးလာ၏။ " ဒါဆို ဘယ်နားက နေရာမှန်လဲ ? " ဝိညာဉ်ခြူလုံးများ၏ သဘာဝမှာ ဝတ်ဆင်သူထံမှ ဝိညာဉ်စွမ်းအားများကို သုံးစွဲရသောကြောင့် သိုလှောင်လက်စွပ်ထဲတွင် သိမ်းထားဖို့ မဖြစ်နိုင်ချေ။ လူများ၏ အပြောအရဆိုလျှင် တစ်စုံတစ်ဦး၏ နှလုံးသားမှာ ထိုသူ၏ အလုံခြုံဆုံးနေရာဖြစ်သောကြောင့် လည်ပင်းတွင် ဆွဲထားလိုက်ပါက ရင်ဘတ်နားတွင် ရှိနေမည်ဖြစ်ရာ ဆွဲထားရန် အသင့်တော်ဆုံးနေရာပေ။ ပြီး အနီ တောက်တောက်လေး ဆိုတော့ အတော်လည်း ကြည့်ကောင်းသည်ပင်။

ကုယွမ်ကျွယ် သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ကာ " ရှစ်ဇွမ်း၊ အဲ့ဒါက ကျွန်တော့်ကို သခင်အဖြစ် အသိအမှတ်ပြုလာအောင် ကျွန်တော် လုပ်နိုင်ပါတယ်။ "

" ဒီဝိညာဉ်ပစ္စည်းမှာက ကိုယ်ပိုင်အသိစိတ်ရှိတယ်။ အကယ်၍ သူက မင်းကို လက်မခံဘူးဆိုရင် မင်းရဲ့ အရိုးတွေ အကုန်ကျိုးသွားလောက်အောင်ထိ ဒဏ်ရာရနိုင်တယ်။ ဆရာကတော့ မင်းရဲ့ ဝိညာဉ်စွမ်းအား နဲ့ ခြူလုံးနဲ့ အသားကျသွားတဲ့အထိ စောင့်သင့်တယ်လို့ ထင်တယ်။ " မုချန် သည် ထို ခြူလုံးကို လည်ပင်းတွင် ဆွဲပေးမည့် အကြံအစည်အား လက်လျှော့မည့်ပုံ မပေါ်ပေ။ ထို့နောက် မုချနသည် ကုယွမ်ကျွယ် ကို ငြင်းခွင့်ကလေးပင် မပေးပဲ   သူ့တပည့်ဖြစ်သူ၏ လည်ပင်းပေါ်တွင် ဝိညာဉ်ခြူလုံးကို ဆွဲပေးလိုက်လေ၏။ " ဆရာ မင်းတင်ပါးကို ရိုက်ပြီး မဆုံးမချင်ဘူး။ လိမ်လိမ်မာမာနေပါ။ "

ထို့နောက် မုချန် သည် စားပွဲပေါ်ရှိ သားရေ ကျာပွတ်လေးအား စောင်းငဲ့ကြည့်လိုက်သည်။ ကုယွမ်ကျွယ် ကို ခြိမ်းခြောက်နေသည်မှာ အသိအသာပင်။

ကုယွမ်ကျွယ် သည် အရှုံးပေးလိုက်ရသော်လည်း သူ့နှလုံးသားထဲတွင်မူ သူ့ဆရာ၏ အကျီလည်ပင်းကို ဆွဲကာ ကြောက်စရာကောင်းသည့် လေသံဖြင့် " ကျွန်တော် ရှစ်ဇွမ်း ရဲ့ တင်ပါးကို ရိုက်ပြီး မဆုံးမချင်ဘူး။  ကောင်းကောင်းနေပါ။ " ဟု ပြောရန် တေးမှတ်ထားလိုက်လေသည်။

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now