Chapter 12 : လေအေးတစ်ချက်အဝှေ့ကြောင့် ဂန္ဓမာပန်းလေး ကြုံ့သွားရ

1.9K 414 27
                                    


<Zawgyi>

Chapter 12 : လေအေးတစ်ချက်အဝှေ့ကြောင့် ဂန္ဓမာပန်းလေး ကြုံ့သွားရ

ကုယွမ်ကျွယ် သည် မျက်လုံးဖွင့်ကြည့်လိုက်သော အခါတွင်မူ သူ့တစ်ဘဝလုံးတွင် တွေ့ရဖို့ မဖြစ်နိုင်လောက်အောင် လှပသည့် ပန်းသစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရပေသည်။ ထီးပုံသဏ္ဌာန်ရှိသည့် ထိုသစ်ပင်ထိပ်အောက်တွင် ပန်းရောင်ပန်းဖူးများ စုပြုံနေသည့် အကိုင်းများမှာ လေထဲတွင် ယိမ်းနွဲ့နေကြ၏။ သူတို့ နှစ်ဦးကို ကြိုဆိုသည့် အနေဖြင့် သောင်းနှင့်ချီသည့် ပန်းဖူးများသည် တစ်ပြိုင်တည်း ပွင့်လန်းလာကြရာ လတ်ဆတ်လှသည့် ပန်းရနံ့များသည့် လေထဲတွင် ထုံသင်းလာလေသည်။ နောက်တစ်ခဏတွင်မူ မရေမတွက်နိုင်အောင် များပြားလှသည့် ငှက်နှင့် လိပ်ပြာလေးများသည် စုဝေးလာကြရင်း ထိုသစ်ပင်ကြီးနားတွင် ကခုန်ပျံသန်းနေကြပေတော့၏။ ယင်းမြင်ကွင်း တစ်ခုလုံးသည် စိတ်ကူးယဉ် အိပ်မက်တစ်ခုကို အသက်သွင်းထားသကဲ့သို့ မယုံနိုင်ဖွယ်ကောင်းလောက်အောင် လှပလှသည်။

မုချန် ၏ နှုတ်ခမ်းစွန်းများသည် ခပ်သာသာ ကွေးတက်သွားကာ ကုယွမ်ကျွယ် ၏ ခေါင်းကို ပုတ်ပေးရင်း ညင်ညင်သာသာဆိုလိုက်၏။

" သူတို့တွေ မင်းကို သဘောကျနေကြတာ ယွင်အာ။ မင်းပျော်ရဲ့လား ? "

ကုယွမ်ကျွယ် သည် သူ့ရှေ့ရှိ မြင်ကွင်းကို အံ့သြတကြီး ကြည့်နေမိ၏။ ထို ပန်းများနှင့် သစ်ပင်ကြီးတွင် ကိုယ်ပိုင်ဝိညာဉ်များ ရှိသည်ဖြစ်ရာ သူတို့ကို ကြိုဆိုသည့် ဟန်မျိုး လုပ်နိုင်ကြလေသည်။ သို့သော်လည်း ထိုပန်းများသည် သူတို့နှင့် ရေစက်ပါသည့်သူမျိုး သို့မဟုတ် သူတို့ကို စိုက်ပျိုးပေးသည့် သူမျိုး တစ်နည်းအားဖြင့် သူ့ဆရာအတွက် ဖူးပွင့်ပေးခြင်း ဖြစ်ကြောင်းကို ကုယွမ်ကျွယ် သေချာသိပေသည်။

မုချန် သည် ကုယွမ်ကျွယ် မှာ ကလေးတစ်ယောက် ဖြစ်ရာ တခြားသူတွေ သူ့ကို ထိုသို့ ချီးကျူးပေးလျှင် သဘောကျလိမ့်မည်ဟု တွေးမိသောကြောင့် ထိုသို့ ကလေးဆန်ကာ ချိမြိန်သည့် အလိမ်အညာလေးတစ်ခုကို ပြောလိုက်ခြင်းဖြစ်သည်။

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now