Chapter 18 : ဘာလို့ ရှစ်ဇွမ်း က မလိမ္မာရတာလဲ ?

1.7K 366 34
                                    


<Zawgyi>

Chapter 18 : ဘာလို့ ရှစ်ဇွမ်း က မလိမ္မာရတာလဲ ?

နောက်တစ်နေ့ နေမထွက်ခင်မှာပင် မုချန် သည် လန်းဆန်းတက်ကြွစွာဖြင့် နိုးထလာတော့၏။ သူသည် ချက်ချင်းပင် ဆေးဖော်စပ်သည့် အဆောင်သို့ တန်းသွားလိုက်ပေသည်။

သူသည် ဆေးပင်များတင်ထားသည့် စင်ပေါ်မှ သစ်ဥသစ်ဖုအချို့ကို ယူလိုက်ပြီးနောက် သူ့ဘေးရှိ တောက်'ကလေးတစ်ဦးအား လှမ်းပြောလိုက်၏။

"ချီးယန် နန်းဆောင် ကိုသွားပြီး နှစ်ပေါင်းရာချီ ကြိမ်သီး သုံးလုံး သွားယူလာခဲ့ပေး။ အနည်းဆုံး ဆယ်ပုံရှစ်ပုံတော့ မှည့်နေပလေ့စေနော်။ "

ထို တောက်'ကလေးသည် သူ့ကို အရိုအသေပေးလိုက်ပြီးနောက် အလျှင်အမြန်ပင် ထွက်သွားတော့သည်။

ချီးယန် နန်းဆောင်သည် ဂိုဏ်းချုပ်ဖြစ်သူ နေထိုင်သည့် ချုန်းယန် နန်းဆောင် ပြီးနောက် ဒုတိယ အဆင့်ချိတ်သည့် နန်းဆောင်ပင်။ ထို့ပြင် ချုန်းယန် နန်းဆောင်မှာ မင့်မြတ်တိမ်လွှာ ဂိုဏ်းထဲရှိ အပင်များ စိုက်၍ အကောင်းဆုံးသော နေရာတစ်ခုပင် ဖြစ်သည်။
(T/N; ဒီနေရာမှာ ချုန်းယန် နန်းဆောင်အစား ချီးယန် နန်းဆောင် ဖြစ်ရမှာလို့တော့ ထင်တာပဲ။ )

ထိုနန်းဆောင်၏ သခင်ဖြစ်သူ သွမ့်မုဖုန်း မှာလည်း အရက်ဖော်စပ်ရသည်ကို အလွန်ဝါသနာပါလေရာ သူသည် ထိုတောင်တစ်တောင်လုံးတွင် မျိုးစုံသော ဝိညာဉ်သစ်သီး သစ်ပင်မျိုးစုံတို့ကို စိုက်ပျိုးထားပေတော့သည်။ အခြားသော တပည့်ငယ်လေးများမှာ ထိုနန်းဆောင်သို့ တော်ရုံတန်ရုံ သွားမလည်ရဲကြသော်ငြား ကျူးချန်းရွှမ် တို့နှင့် အပေါင်းအပါ ငတ်ကြီးကျ တပည့်တစ်သိုက်တို့ကမူ သူတို့၏ ဒုတိယ ဆရာတူဦးလေးထံတွင် အမြဲတမ်း အစားအစာများ သွားတောင်းစားတတ်ကြလေသည်။ ကျင်းမင် သည်လည်း ထိုနေရာနှင့် မစိမ်းချေ။ အချိန်ခဏလေးအတွင်းမှာပင် တောက်'ကလေးလေး သည် နှစ်ပေါင်းရာချီ ကြိမ်သီး သုံးလုံးနှင့် ပြန်ရောက်လာတော့၏။ ထိုအသီးတစ်လုံးချင်းစီမှာ လူကြီးတစ်ဦး၏ လက်သီးဆုပ်မျှလောက်အထိ ကြီးမားကြကာ အရောင်များမှာလည်း ရွှန်းစိုနေပေသည်။ ထိုအသီးများပေါ်ပေါ်တွင် နှင်းစက်အချို့ပင် တင်ကျန်ရစ်နေသေးလေသည်။

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now