Chapter 5: မြင့်မြင့်လေးမြှောက်ပေး

2.5K 513 11
                                    

<Zawgyi>

မုချန် စကားတစ်ခွန်း မဆိုရသေးမီမှာပင် ဆဌမ နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးသည် ရုတ်တရက် ထပြောလာ၏။ " ရှုယန် နန်းဆောင်မှ ဒီငယ်သားက ရှစ်ရှု ရဲ့ ပုံရိပ်ကို ထိန်းသိမ်းပေးပါ့မယ်။ ဒီနေ့ကစပြီး ရှစ်ရှု ရဲ့မျက်နှာညှိုးအောင် လုပ်တဲ့သူတိုင်းကို ရှုယန် နန်းဆောင်က ဒီတပည့်မ အလွတ်မပေးပါဘူး။ "

ထိုစကားလုံးများက အလွန်တရာပျော့ပျောင်းနေသည်မျိုး မဟုတ်သော်လည်း ယင်းမျိုးသမီး ကျင့်ကြံသူ၏ အသံမှာ ကြည်လင်လှသည်။ လူအိုကြီးများသာရှိသည့် အုပ်စုထဲတွင် ထိုအသံမှာ အနည်းငယ် ထူးခြားသယောင် ဖြစ်နေလေသည်။

မုချန်: " ... "

အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ ပုံရိပ်ကို ဘာလုပ်ဖို့လဲ ? သရဲနှင်တဲ့နေရာမှာ သုံးဖို့လား ?

သူမ၏ ဘယ်ဖက်ရှိ လူကမူ အနည်းငယ် ရိုးသားအေးဆေးဟန် ပေါ်လေသည်။ အနီးအနားရှိ မည်သည့် လူအိုကြီးများကမှ ထိုစကားကို မကျေနပ်ကြလေကြောင်း သဘောပေါက်သောကြောင့် သူသည် သူမကို အတွန့်တက်သည့် လေသံမပေါက်စေပဲ အနည်းငယ် ညင်သာသည့် လေသံဖြင့် သတိပေးလိုက်၏။ " ရှစ်မေ့ ( ဆရာတူ ညီမ ) မင်းက နန်းဆောင်သခင်တွေထဲက တစ်ယောက်ပဲ။ မင်းရဲ့ သိက္ခာကို နည်းနည်းလောက် ချုပ်ထိန်း သည်းခံပါဦး။ "

ထိုသို့ပြောသည်မှာလည်း မမှားပေ။ ထို ရှစ်မေ့ ၏ စကားက အဓိပ္ပာယ် နှစ်ခုထွက်နေလေသည်။ ထိုသည်က သူမ၏ နေရာနှင့် အဆင့်အတန်းကို ပြန်အမှတ်ရစေရန် သတိပေးလိုက်ခြင်းသာ !
(T/N; အခုလို အထင်မှားစေမယ့် စကားမပြောဖို့ သတိပေးတာပါ။ )

ပိုင်ရွှမ့်ယုံ ၏ လှပသောမျက်ဝန်းများက ခန်းမတစ်လျှောက်ကို ဝေ့ကြည့်လိုက်ကာ သူမ ရင်ဘတ်ကို အနည်းငယ် ကော့လိုက်ပြီး ခပ်လှောင်လှောင်ပြောလာ၏။ " သိက္ခာ ဟုတ်လား ? ကျွန်မတို့ နန်းဆောင်က ဝိညာဉ်ဖျက်ဆီး ဓား ကတော့ ချုပ်ထိန်းတာတွေ သည်းခံတာတွေ နာလည်မှာမဟုတ်ပါဘူး။ "

ထိုစကားက အကြီးအကဲများအားလုံးကို ကျောတွန့်သွားစေကာ မည်သူမျှ မှတ်ချက် မပေးရဲတော့ပေ။ သေချာပေါက်ပင် ထို ပိုင် မျိုးနွယ်နှင့်သူသည် သွားရှုပ်၍ ရသည့် လူစားမျိုးမဟုတ်မှန်း သိသာလှသည်။

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now