Chapter 6 : ဆရာက ကျွန်တော် လိုချင်တဲ့ဟာကို ပေးမှာလား ?

2.4K 531 30
                                    

<Zawgyi>

သူတပည့်လေးကို လေထဲတွင် ခုနစ်ကြိမ်၊ ရှစ်ကြိမ်မျှ ထပ်ပြီး မြှောက်လိုက်ပြီးနောက်တွင်မူ မုချန် သည် ထိုလုပ်ရပ်ကို ရပ်တန့်လိုက်ရသည်။ အကြောင်းမှာ သူ့တပည့်ဖြစ်သူမှ သတ္တိနည်းလွန်းနေကာ မုချန် ၏ လည်ပင်းကို လုံးဝအလွှတ်မပေးပဲ ကြောက်လန့်တကြား ဖက်ထားသောကြောင့်ပင်။ သူသည် တပည့်ဖြစ်သူအား အောက်သို့ချပေးလိုက်ရပြီး နောင်အခါမှသာ ထိုကလေးကို သတ္တိရှိလာအောင် လေ့ကျင့်ပေးရဦးမည်ဟု တေးမှတ်ထားလိုက်၏။

မုချန် သည် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများ တစ်ခုပြီးတစ်ခုထုတ်လာရာ အခန်းထဲတွင် စုပုံသွားလေ၏။ မုချန် ကမူ ထိုပစ္စည်းများကို အစီအစဉ်တကျဖြစ်အောင် စီရင်း အလုပ်ရှုပ်နေပေသည်။ ဒီလိုမျိုး အလိုလိုက်ထားရင် ကလေးက အနည်းငယ် ပျက်စီးသွားနိုင်တယ်ဆိုသော်ငြား ထိုကလေး၏ ကျင့်ကြံခြင်းကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လုပ်ပေးခြင်းပင်။ သည်ကလေး ကျင့်ကြံရတာတောင် ပျင်းနေမှာကိုတော့ အဖြစ်မခံနိုင်ချေ။

ကုယွမ်ကျွယ် သည် သူ့ဆရာဖြစ်သူမှ မရေမတွက်နိုင်သည့် ထိပ်တန်းအဆင့် မှော်လက်နက်များကို ထုတ်လာသောအခါ အနည်းငယ် အံသြသွားရသည်။ ထို ထိပ်တန်းအဆင့် ပစ္စည်းများမှာ ကြမ်းပြင်ပေါ်တွင် ပစ်စလတ်ခတ် ဖြစ်နေပြီး အမှိုက်ပုံကြီးလိုပင် ဟီးထနေသည်မှာ မုချန် ကပင် မျက်စိရှုပ်စေသည့် ပစ္စည်းများကို ပြန်သိမ်းလိုက်ရပေသည်။ ထိုလုပ်ရပ်လေးမှာ ကုယွမ်ကျွယ် ကို ပြုံးသွားစေ၏။ သူ၏ ရှစ်ဇွမ်းလေးမှာ ချစ်စရာကောင်းကာ ရိုးသားပြီး ပွင့်လင်းလွန်းလှသည်။ ထို့ကြောင့်လည်း သူ၏ အနီးရှိလူများမှာ ကိုယ့်နောက်ကျော ဓားထိုးခံရမည်ကို စိတ်ပူစရာ မလိုကြပေ။

" ဒီပစ္စည်းတွေ အကုန်လုံးကို ဘယ်လိုရလာတာလဲဟင် ?"

မုချန် သည်ပင် အနည်းငယ် ရှင်းမပြတတ်ဖြစ်သွားသည်။

ထိုအခါ ကျင်းမင် က ကူရှင်းပြလာ၏။ " သူတို့က ဝိညာဉ်ဆေးလုံးတွေအတွက် အဖိုးအခတွေပဲ။ ရတနာတိုက်ထဲမှာက ဒီလိုပစ္စည်းတွေများလွန်းလို့ ဆန့်တောင်မဆန့်တော့ဘူး။ ငါ့အကိုက ရတနာတိုက်ရဲ့သော့ကိုကိုင်တယ်။ အဲ့တော့မင်းတစ်ခုခုလိုရင် ဆရာသခင်ကို အနှောင့်အယှက်ပေးစရာမလိုဘူး။ သူ့ကို သွားတောင်းလိုက်လို့ရတယ်။ "

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now